3

2.3K 275 5
                                    

(Unicode)

ရိပေါ်ဒီနေ့တော့ training အချိန်ကလိုသေးတာမို့ ကော်ဖီဝယ်နေကျ Zio မှာပဲ မနက်စာအေးဆေးစားဖို့ စဉ်းစားလိုက်တယ်..အိမ်ကမထွက်ခင် စာတိုက်ပုံးကို စစ်ဖို့လဲ မမေ့မလျော့...

~မရောက်သေးဘူးပဲ... အဟက် ဘယ်သူကရော နေ့တိုင်းပို့ပါ့မယ် ကတိပေးထားလို့လဲကွာ~

၁လကျော်တဲ့ထိ နေ့တိုင်းရနေကျစာလေး မရသေးတော့လဲ တစ်ခုခုလိုနေသလိုလို..

ရိပေါ်ကော်ဖီဆိုင်ရောက်တော့ ထူးထူးခြားခြား outdoor မှာထိုင်ချင်စိတ်ဖြစ်မိတယ်..ဒါနဲ့ လွတ်နေတဲ့စားပွဲကိုဝင်ထိုင်တော့ စာအုပ်တစ်အုပ်ကရှိနေတယ်..

~အရင်ထိုင်သွားတဲ့သူများကျန်သွားလား~

Waiter ကိုစာအုပ်ပေးဖို့ကောက်ယူလိုက်တော့ စာအုပ်စီကနေ ရင်းနှီးနေတဲ့ အနံ့တစ်ခု...
သေချာအောင်အနီးကပ်ရှူကြည့်မိတော့ အတွေးထဲဝင်လာတာက အပြာနုရောင်စာအိတ်လေးတွေ..

~ဆေးလိပ်နံ့တွေကတော့ အတူတူပဲနေမှာပါ~

တွေးနေရင်း အသံတစ်ခု သူ့နောက်ကျောကနေထွက်လာတယ်

"Excuse me.. ဒါကျွန်တော်ထိုင်နေတာခင်ဗျ"

ရိပေါ်မော့ကြည့်လိုက်တဲ့အခါ

~damnnnn ငါ့ရဲ့ artwork လေး~

ရိပေါ်မေ့မေ့လျော့လျော့ကြည့်နေမိတယ်..တစ်ဖက်လူကလဲ တုတ်တုတ်မလှုပ်..
ရိပေါ်ကိုယ့်ကိုကိုယ်ပြန်ထိန်းရင်းနဲ့

"အာ.. sorry ပါဗျ.. ကျွန်တော်ကလွတ်တယ်ထင်တာနဲ့"

ရိပေါ်ပြောလိုက်တော့ ထိုသူက ပြုံးပြလာတယ်

~wow မှဲ့လေး..~

"အကို ကျွန်တော်ရော ဒီမှာထိုင်လို့ရမလား.. အပြင်မှာတစ်ခြားခုံတွေကလဲပြည့်နေလို့လေ"
"ရပါတယ်.. ဒါပေမဲ့ ကိုယ်က ဆေးလိပ်သောက်လို့"
"အာ ကိစ္စမရှိပါဘူးအကို ကျေးဇူးပါ"

သီးသန့်နေတတ်တဲ့ ဆေးလိပ်မသောက်တဲ့ရိပေါ်က indoorမှာ စားပွဲလွတ်တွေရှိရက်နဲ့ ဆေးလိပ်သောက်မဲ့လူနဲ့ တစ်စားပွဲထဲထိုင်ဖို့ခွင့်တောင်းတယ်တဲ့လေ..

"ကျွန်တော့်နာမည် ဝမ်ရိပေါ်ပါ.. ဒီဆိုင်ကို အမြဲလာဖြစ်တယ်.. အကိုရောလာဖြစ်လား"
"ရှောင်းကျန့်ပါ.. ကိုယ့်အလုပ်က Zio Gallery မှာဆိုတော့ ဒီမှာ အမြဲရှိတာ"
"ဪ..ဒါကြောင့် ဟိုတစ်ခါအကို့ကိုတွေ့လိုက်တာ"

LettersWhere stories live. Discover now