12

1.8K 229 7
                                    

(Unicode)

"Hello"
"ကျန့်ကော ကျွန်တော်ရိပေါ်"
"ရိပေါ်ပြောလေ"
"သဘက်ခါ ကျန့်ကော Zio မှာရှိမှာလား.. ကျန်တော့်ကို အချိန်ခဏပေးလို့ရနိုင်လား"
"သဘက်ခါ?? ခဏလေး.. schedule ကြည့်လိုက်ဦးမယ်....
ရတယ်..နေ့လည် ၂နာရီလောက်ကနေ စအားပြီရိပေါ်.. ဘာလို့လဲ.."
"ကျွန်တော်ပြောစရာလေးရှိလို့ပါ.... Zio ကိုပဲလာခဲ့မယ်နော်ကော.."
"အင်းရတယ်လေ"
"See you ကော"
"See you ရိပေါ်"
.
.
.
.
ရိပေါ်စောင့်နေရတဲ့ 520 ကိုရောက်လို့လာပါပြီ...
အချိန်နီးတာနဲ့ အိမ်ကနေထွက်လာလိုက်တယ်... ဒီနေ့တော့ ကားပဲယူလာလိုက်တယ်... စိတ်လှုပ်ရှားလွန်းနေတော့ ဆိုင်ကယ်နဲ့ဆို အန္တရာယ်များတာမို့...

Zio ရောက်တော့ ကျန့်ကောကို message ပို့ပြီးတော့ gallery ရဲ့ portico အောက်မှာပဲ စောင့်နေလိုက်တယ်.. cafe မှာဆိုရင် တစ်ခြားသူတွေရှိနေတာမို့ gallery ဘေးက landscape area လေးမှာပဲ စကားပြောဖို့ စဉ်းစားထားတယ်...
ပြောမှာတွေကို စာစီပြီးအလွတ်ကျက်လာပေမဲ့ ကျန့်ကော ထွက်လာခါနီးလေ စိတ်လှုပ်ရှားပြီး ပြောမှာတွေမေ့လာလေ...

"ရိပေါ်... cafe မှာထိုင်မလား"
"ဟိုအပင်တွေအောက်သွားရအောင်ကော.. အေးအေးဆေးဆေး ရှိတာပေါ့"
"Ok"

သစ်ပင်ကြီးအောက်က picnic table လေးမှာ မျက်နှာချင်းဆိုင်ထိုင်လိုက်ကြတယ်...ရှောင်းကျန့်က အကဲခတ်သလိုကြည့်နေတော့ ရိပေါ် ပိုပိုပြီးစိတ်လှုပ်ရှားလာပါတယ်... လက်ဖဝါးနှစ်ခုကို မီးပွင့်မတတ်ပွတ်နေမိတယ်...

"ရိပေါ်"
"ကျွန်တော်ပြောစရာရှိလို့ ကော"
"အင်းပြောလေ"
"ကျွန်တော်အခုပြောမှာကို ကျန့်ကောတစ်မျိုးမထင်စေချင်ဘူး.. ပြီးတော့ ကျွန်တော့်စိတ်ရင်းနဲ့ပဲဆိုတာလဲ သိထားပေးပါ...
ကျွန်တော် ကောကို သဘောကျတယ်... ကောနဲ့တွေ့တာက သိပ်မကြာသေးပေမဲ့ ကျွန်တော်တစ်ကယ် လေးလေးနက်နက်ကို စိတ်ထဲရှိတာကြောင့်ပါ..."

ရှောင်းကျန့်ကိုအကဲခတ်လိုက်တော့ စိတ်လှုပ်ရှားနေတာကိုတွေ့ရပါတယ်... စက်စုပ်တဲ့အရိပ်အယောင်မျိုးမမြင်ရတာနဲ့တင် တော်လှပြီလို့ ရိပေါ်တွေးမိတယ်...

"ကော... ကျန့်ကော... ကျွန်တော့်ရဲ့စိတ်ကို ကောကိုသိစေချင်လို့ ပြောပြတဲ့သဘောပါပဲ.. ဒါတွေပြောလိုက်လို့ ကောစိတ်ရှုပ်မှာမျိုးတော့ မဖြစ်စေချင်ဘူး.."

LettersWhere stories live. Discover now