21

1.8K 224 2
                                    

(Unicode)

ဒီတစ်ခေါက် Zack ပြန်လာတော့ ရိပေါ်နဲ့အခြေအနေကတိုးတက်သည်တဲ့.. Zack က Zio ကိုလာပြီး ကြွားလေတယ်... သတင်းကောင်းကြားရတော့ ရှောင်းကျန့်မုဒိတာပွါးပေးရတာပါပဲ... မနက်ဖြန်ကျရင်တော့ အကြောင်းစုံဖွင့်ပြောတော့မယ်တဲ့... Zack က တစ်ခုတော့စိတ်ပူနေတယ်.. ရိပေါ်ကို အော်တိုထိုးပေးခိုင်းရင်း သူတရုတ်စာရေးတာ မကျွမ်းတဲ့အကြောင်း ပြောမိခဲ့တယ်တဲ့လေ... ရိပေါ်က အကင်းပါးတဲ့ကလေးမို့ သူလဲစိတ်တော့ပူမိတယ်.. တစ်ခေါက်ကတောင် ကောင်လေးလို့ ယောင်ပြီးခေါ်မိတာကိုတောင် သတိထားမိသွားလို့ မနည်းဖုံးလိုက်ရသေးတာ...
သေချာရှင်းမပြရသေးခင် ရိပေါ်သိသွားတာမျိုးတော့ ရှောင်းကျန့်အဖြစ်မခံနိုင်ဘူး... ဒါက ရိပေါ်အတွက်ရော Zack အတွက်ရောသိပ်ဆိုးတယ်မဟုတ်လား...
ရှောင်းကျန့်ဆုတောင်းတွေမပြည့်ခဲ့ပါဘူး...

"အခုရောပြောစရာရှိပြီလား Zack.."

ထိန်းချုပ်ထားပေမဲ့ ကောင်လေးရင်ထဲ ဘယ်လောက်ဗြောင်းဆန်နေမယ်ဆိုတာကို ရှောင်းကျန့်ခန့်မှန်းမိတယ်... ဒါနဲ့ပြေပြေလည်လည်ရှိကြပါစေတော့ဆိုပြီး...

"ရိပေါ် ကိုယ်နဲနဲပြောချင်တယ်.."
"ကျန့်ကော... ကျွန်တော် Zack နဲ့ပြောနေတာ.."

ဟုတ်သားပဲ... ဘယ်လိုပဲဖြစ်ဖြစ် သူကဒီနှစ်ယောက်ကြားမှာ အပြင်လူပဲလေ...

"Sorry ရိပေါ်.. ဒါဆို ကိုယ် gallery ပြန်တော့မယ်နော်... အေးအေးဆေးဆေးပြောကြပါ.."
"ဘယ်သူကပြန်ခိုင်းလို့လဲ ကျန့်ကော.. ကောလဲရှိနေရမယ်လေ... ဆိုင်နေတယ်မဟုတ်ဘူးလား..ဒီကိစ္စနဲ့.."

ကောင်လေးဆီက ဒီလိုအေးစက်စက်စကားတွေကြားရတော့ ရှောင်းကျန့်ဇောချွေးတွေပါပြန်လာတယ်... ဒီအခြေအနေကြီးကို သူ မကြိုက်လိုက်တာ... ၃ယောက်စလုံးအလူးအလဲခံရတဲ့အခြေအနေကြီးမဟုတ်လား...
စိတ်ထဲမှာ အထပ်ထပ်တောင်းပန်နေမိပေမဲ့ အပြင်မှာတော့ အာစေးမိထားတဲ့အတိုင်း....

"ဆင်ခြေတွေကိုတော့ ကျွန်တော်နားမထောင်ချင်ဘူး Zack... ခင်ဗျားတို့နှစ်ယောက်ပေါင်းပြီး ကျုပ်ကို အရူးလုပ်ရတဲ့ အကြောင်းပြချက်ကိုပဲပြော..."
"အရူးလုပ်တာမဟုတ်ပါဘူးရိပေါ်... ကိုယ်က ရိပေါ်ကို သဘောကျမိလို့ ရိပေါ်ရဲ့ attention ကိုရချင်လို့ ကျန့်ကျန့်ကို အကူအညီတောင်းခဲ့တာပါ... ကိုယ်ဒီလိုမလုပ်ခဲ့သင့်ဘူး... ကိုယ်မှားတာပါ..."
"ဟက်.. attention ရဖို့?? ခင်ဗျားတို့ mission အောင်မြင်ခဲ့ပါတယ်... သရုပ်ဆောင်လဲအတော်ကောင်းကြတာပဲခင်ဗျားတို့က... ပိပိရိရိကို အလိမ်ခံခဲ့ရတာ အရူးလိုမျိုး.."

LettersWhere stories live. Discover now