11

1.7K 227 0
                                    

(Unicode)

ရိပေါ်ရဲ့ပြိုင်ပွဲနေ့ကိုရောက်လာခဲ့ပါပြီ...
Tracer 85 banner တွေနဲ့ ရိပေါ်ရဲ့ fan တွေကလဲတစ်ကွင်းလုံးအပြည့်ပဲ....အားပေးသံတွေကလဲလျှံလို့...
ရိပေါ်နားနေခန်းမှာထိုင်နေရင်း Zack ဆီကဖုန်းဝင်လာတယ်...

"Hello"
"ရိပေါ် ကိုယ်ရောက်နေပြီ..."
"လာပေးတာ ကျေးဇူးပါ Zack"
"My pleasure ရိပေါ်..
စိတ်အေးအေးထား​နော်..ရိပေါ်ကတော်ပြီးသားပဲ... ကိုယ်က လုံးဝ team yibo ပဲ... "

ရိပေါ်ဖုန်းချပြီးတာနဲ့ ဖုန်းပိတ်ကာ မန်နေဂျာကိုပေးထားလိုက်တယ်...
ပြီးတော့ ပွဲကြည့်စင်တွေဖက်ကို ခဏထပြီးချောင်းကည့်လိုက်တယ်...သူမျှော်ကြည့်နေတဲ့ VIP စင်က တစ်နေရာလေးကတော့ ခုထိလွတ်နေတုန်း... ရိပေါ် သက်ပျင်းတစ်ချက်ချရင်း ပြန်ဝင်လာခဲ့လိုက်တယ်....
တာထွက်ချိန်နီးတော့ တစ်ခြားပြိုင်ပွဲဝင်တွေလိုပဲ စမှတ်မှာတန်းစီနေကြရင်း နောက်ဆုံးတစ်ခေါက်အနေနဲ့ VIP စင်ကိုကြည့်လိုက်တဲ့အခါ သူ့ energy pill လေးရဲ့အရိပ်လေးကိုမြင်လိုက်ရတော့ ရင်ထဲအေးခနဲ...
ရိပေါ် အာရုံစူးစိုက်ပြီး အားသွန်ခွန်စိုက်ပြိုင်ပြီးချိန်မှာတော့ ထုံးစံအတိုင်း ပထမဆုကသူ့အတွက်ပဲပေါ့...
ဆုတက်ယူချိန် သူ့ကိုဂုဏ်ပြုနေမဲ့ ရှောင်းကျန့်ကိုမြင်ချင်တာမို့ ပြန်ကြည့်မိတော့ မရှိတော့ဘူး... ရိပေါ် အပြုံးတွေလဲ ကြက်ပျောက်ငှက်ပျောက်... ခုနက အမြင်များမှားလိုက်တာလား...

အိမ်ပြန်ရောက်တော့ အိမ်ရှေ့မှာစောင့်နေတဲ့ Zack ကိုတွေ့ရတယ်..ပန်းစည်းကြီးတစ်ခုလဲကိုင်လို့..

"Congratulations ရိပေါ်.. I'm so proud of you.."
"ကျေးဇူးပါ Zack"
"ရိပေါ်နားလိုက်ဦးလေ.. ပင်ပန်းရောပေါ့... ကိုယ်ပြန်တော့မယ်နော်"
"ဟုတ်ကဲ့.."

ရိပေါ်အိမ်ထဲရောက်တော့ fan တွေပို့ထားတဲ့ လက်ဆောင်တွေ ပန်းစည်းတွေ စာတွေကို မန်နေဂျာကလာပေးတယ်.. အရင်ကစာအိတ်အပြာလေးတွေရောက်တုန်းက အချိန်ကိုပြန်တွေးမိတော့ တစ်ချင်ပြုံးမိလိုက်ပါသေးတယ်... ပြီးတော့လဲပြီးတာပါပဲလေ..
.
.
.
.
ရိပေါ်ပြိုင်ပွဲပြီးပြီးချင်းရက်တွေဆိုတော့ နည်းပြက အနားပေးထားတာမို့ အားနေတယ်..
Jackson နဲ့တွေ့လိုက်
စကိတ်စီးလိုက်
Zio သွားလိုက်
တစ်ခါတစ်လေ Zack နဲ့တွေ့လိုက်နဲ့ပေါ့..

LettersWhere stories live. Discover now