23

1.9K 226 5
                                    

(Unicode)

"လာတွေ့ပေးတာကျေးဇူးတင်ပါတယ်ရိပေါ်.."
"ကျွန်တော်သိပ်အချိန်မရဘူး Zack"
"ကိုယ်နောက်နေ့ ပြန်တော့မှာမို့ လာနှုတ်ဆက်တာ... ပြီး​တော့ တောင်းပန်ချင်လို့.. ကိုယ့်ကိုခွင့်လွှတ်ပါ.."
"ထားလိုက်ပါတော့... ပြီးခဲ့တာတွေလဲပြီးပြီပဲ.. မေ့လိုက်ပြီး ကိုယ့်လမ်းကိုယ်လျှောက်တာပေါ့."
"ရိပေါ်.. ကိုယ်ကိုစောင့်နေခွင့်တော့ပေးပါ.. ကိုယ်ရိပေါ်ဆီကနေ ဒီတိုင်းထွက်မလာနိုင်ဘူး..."
"Zack မျှော်လင့်ရတာ ပင်ပန်းတယ်... ပြီးတော့ ခင်ဗျားပြောဖူးသလိုပဲ ကိုယ်နဲ့ကံမပါတာတွေအတွက် အဲ့လောက် energy အကုန်မခံပါနဲ့.."
"ကိုယ်ကအဆင်ပြေပါတယ်...  ရိပေါ်မလိုအပ်လဲ ကိုယ့်ကိုစိတ်ထဲမထားပဲ ထုတ်ထားလို့ရတယ်...  တိတ်တိတ်လေးပဲစောင့်နေမှာဆိုတော့ ရိပေါ်လိုအပ်တဲ့အချိန်ကျရင်သာ ကိုယ့်ဆီလာခဲ့ပါ...
သွားတော့မယ်နော်..
I got your back ရိပေါ်.. see you.."
"Have a safe flight Zack"

ရိပေါ် က see you လို့ပြန်မပြောလိုက်တော့ဘူး... မတွေ့ဖြစ်ကြရင် အဟောင်းတွေအသစ်ပြန်မဖြစ်တော့ဘူးပေါ့...

~စွန့်ပစ်ခံရတယ်ဆိုတာကမှ တစ်ချိန်တုန်းက အဲ့ဒီလူရဲ့အပိုင်ဖြစ်ခဲ့ဖူးပါဦးမယ်.. အခု ကျွန်တော်ဆိုတာက ကျန့်ကောတစ်ခါလေးတောင် ပိုင်ချင်ခဲ့ဖူးတဲ့ကောင်မှ မဟုတ်ပဲ...~

ရိပေါ်ဟိုးအရင် ရှောင်းကျန့်နဲ့မတွေ့ခင်ကအတိုင်း Training ရှိတဲ့ရက်တွေဆိုရင် မနက်စောစောထ၊မနက်စာအပြေးအလွှားစား၊ ပြီးတာနဲ့ လေ့ကျင့်ကွင်းကိုသွား၊ Training မရှိရင်တော့ lego ဒါမှမဟုတ် game ဆော့ရင်း၊ စကိတ်စီးရင်း၊ Jackson နဲ့တွေ့ရင်းပဲ ကုန်ဆုံးတော့တယ်။ လူက အရင်အတိုင်းပြန်လည်ပတ်လာရင် စိတ်ကလဲ အရင်အတိုင်းပြန်ဖြစ်ဖို့မကြာတော့ဘူးလို့ ရိပေါ်ကယူဆသည်လေ..

ရိပေါ်  Zio ကိုလဲမသွားဖြစ်အောင်ကြိုးစားပါတယ်.. ဒါတောင် အဲ့ဒီနားရောက်ဖြစ်ရင် အမှတ်သည်းခြေမရှိတဲ့ရိပေါ်က ရှောင်းကျန့်ကို လွမ်းတုန်းပဲမို့ တစ်ခြားလမ်းကနေပဲ လေ့ကျင့်ကွင်းကိုသွားတော့တယ်... လမ်းကပိုရှည်သွားပေမဲ့ စိတ်သက်သာတာကိုး...

ဒီနေ့ Jackson နဲ့အတူတူ စကိတ်စီးဖြစ်ကြတယ်... သွားနေကျ ဟိုစကိတ်ကွင်းတော့မဟုတ်ဘူး.. အဲ့မှာအမှတ်တရတွေက သိပ်မကောင်းဘူးလေ... စကိတ်စီးပြီးတော့ နှစ်ယောက်သား စကားထိုင်ပြောဖြစ်ကြတယ်...

LettersWhere stories live. Discover now