18

1.8K 223 0
                                    

(Unicode)

December,2019

ဆောင်းတွင်း မနက်မှာ ချမ်းချမ်းအေးအေးနဲ့ ရှောင်းကျန့် လေဆိပ်ကိုရောက်နေတယ်.. ငယ်သူငယ်ချင်း Zack က တရုတ်ပြည်မှာ လုပ်ငန်းတွေတိုးချဲ့ဖို့အတွက် စျေးကွက်လာလေ့လာမယ်ဆိုလို့ လာကြိုရတာဖြစ်ပါတယ်.. ရှောင်းကျန့်က ပန်းချီဆွဲရတာရယ် gallery ကိုသွားရတာရယ် ကော်ဖီသောက်ရတာရယ်ကလွဲရင် ဘာမှသိပ်စိတ်ဝင်စားတာမဟုတ်ဘူးရယ်.. လူများတဲ့နေရာတွေဆိုလဲ တတ်နိုင်သလောက်ရှောင်တတ်တာ... ခုက driver လွှတ်လိုက်ရင် Zack က နားပူနားဆာလုပ်မှာစိုးတာနဲ့ပဲ ကိုယ်တိုင်လာကြိုရတာ...

"Zack ငါဒီမှာ!!"
"Sean ငါ့သူငယ်ချင်းက ပိုပိုမိုက်လာတာပဲ.."
"အံမယ်... တရုတ်စကားတိုးတက်လာပါလားမင်းက.."
"အေးပေါ့... အလုပ်လာလုပ်ရင် တတ်မှရတော့မှာလေ.."
"အေးပါ သွားကြမယ်.."
"ငါဟိုတယ်မှာပဲနေမှာနော်... မင်းအိမ်မလိုက်ဘူး.."
"သိပါတယ်... အဲ့ဒါကြောင့် ဘာမှပြင်မထားဘူးအိမ်မှာ..."

Zack က သီးသန့်နေတတ်တဲ့လူမို့ US မှာလဲ မိဘနဲ့မနေသလို တရုတ်ပြည်လာတိုင်းလဲ ရှောင်းကျန့်အိမ်မှာမတည်းပဲ ဟိုတယ်မှာပဲနေလေ့ရှိပါတယ်...
ရှောင်းကျန့် US မှာ တက္ကသိုလ်သွားတတ်တုန်းကတောင် တစ်ယောက်တစ်အိမ်နေကြတာ...

"ကျန့်ကျန့်, girlfriend ထားတော့လေ"
"နေပါကွာ.... ကိုယ့်ဟာကို အေးအေးဆေးဆေး ပန်းချီပဲရေးပါရစေ... မင်းလဲ ရှုပ်မနေနဲ့တော့.. ငါတို့အရွယ်က တည်တည်တံ့တံ့နေရမဲ့အရွယ်ရောက်ပြီ.."
"Come on Sean!!! ငါတို့က အဲ့လောက်လဲအသက်မကြီးသေးပါဘူး.. ပြီးတော့ ငါတစ်ယောက်ထဲနေနေတာ ၆လလောက်ရှိပြီ"
"ဟဟ အေးပါ အေးပါ.. တော်တော်ကိုကြာပြီပဲ.."

စကားတပြောပြောနဲ့လာလိုက်ကြတာ Zack တည်းမဲ့ဟိုတယ်ကိုရောက်လာပါတယ်။

"ငါညနေမှလာပြန်ခေါ်မယ်နော်... နားလိုက်ဦး"
"Thank u Sean. See ya.."
"အေး အေး"
.
.
.
.
ညနေရောက်တော့ ရှောင်းကျန့်က Zack ကိုသွားပြန်ခေါ်တယ်.. ဗိုက်မဆာကြသေးတော့ ညစာစားမဲ့ဆိုင်နားက ပန်းခြံမှာထိုင်စကားပြောနေလိုက်ကြတယ်...
စကားပြောကြရင်း Zack ကငြိမ်ပြီးငေးနေတာနဲ့ ရှောင်းကျန့်က

LettersWhere stories live. Discover now