20

1.8K 224 5
                                    

(Unicode)

ရိပေါ်တို့တွေ့မဲ့နေ့မှာပဲ ရှောင်းကျန့်ချုံချင်းကိုပြန်လာလိုက်တယ်... ပုံမှန်ဆို အကြောင်းအထွေအထူးမရှိပဲပြန်မလာတတ်တဲ့သားကို ထူးဆန်းနေပေမဲ့ ဘာမှမမေးကြပဲ နားလည်ပေးကြလို့ အဖေနဲ့အမေကို ရှောင်းကျန့်ကျေးဇူးတင်ရသေးတယ်...
ချုံချင်းမှာ အိပ်လိုက် စားလိုက် ပန်းချီရေးလိုက်နဲ့ပဲ နှစ်ပါတ်ကျော်အချိန်ကို ကုန်ဆုံးလိုက်တယ်... စောင့်နေတဲ့အလုပ်တွေကရှိနေတော့လဲပြန်လာရတာပါပဲ.. ဒီအတိုင်းကြီးရှောင်ပုန်းနေတာကလဲ ဟုတ်တော့မဟုတ်သေးဘူးမဟုတ်လား... Zack ကလဲလှမ်းခေါ်နေပြီ... သူဒီတစ်ခေါက်ရောက်တာ တစ်ခါမှမတွေ့ရသေးဘူးလေ.. မပြန်ခင်တွေ့ဖို့ တကျီကျီလုပ်နေတာနဲ့ မြန်မြန်ပြန်လာခဲ့ရတော့တယ်...
ရုံးပြန်တက်တော့ ထုံးစံအတိုင်း ကော်ဖီဆိုင်ကိုအရင်ဝင်ထိုင်ပါတယ်... ခဏနေတော့ လွမ်းနေရတဲ့ ဝမ်ပေါက်စလေးရဲ့အသံကိုကြားရပါတယ်..

"ကျန့်ကော... ပြန်ရောက်ပြီလား.."
"ဪ ရိပေါ်... မနေ့ညကပဲရောက်တယ်.."
"ကျွန်တော်ကသတိတွေရနေတာ.."

သတိရနေတာတဲ့လား.. ဒီကောင်လေးကတော့ သဘောရိုးနဲ့ပြောလိုက်တာပဲ..ဒါပေမဲ့ကိုယ်က သဘောမရိုးတဲ့အခါ ရင်တွေခုန်ရပါတယ်... ဒါနဲ့ စကားလမ်းကြောင်းအမြန်လွှဲရင်း ရိပေါ်ရဲ့ပြိုင်ပွဲအကြောင်းရောက်သွားတယ်...

"ပွဲနေ့ကြရင် လာခဲ့ပါလားကော... ကျွန်တော် လက်မှတ်လာပေးမယ်လေ.."

ရှောင်းကျန့်လှိုက်ခနဲ ဝမ်းသာသွားတယ်.. ဒီကောင်လေးရဲ့ အရေးတယူရှိပေးတာတွေမြင်ရတိုင်း ကြည်နူးရတာက တားမရအောင်ပဲ.. ဒါပေမဲ့ Zack ကလဲ သွားမယ်ဆိုပြီးပြောနေတော့ စကားကို မယုတ်မလွန်ပဲပြောလိုက်ရတော့တယ်..

"ကိုယ့် schedule ကိုတစ်ချက်ပြန်ကြည့်လိုက်ဦးမယ်.. အဆင်ပြေရင်လာတာပေါ့.."
.
.
.
Zack က ရိပေါ်ရဲ့ပွဲကိုသွားမှာသေချာသွားတဲ့အချိန်မှာ ရှောင်းကျန့်မသွားဖြစ်တော့တာလဲ သေချာသွားရပါတော့တယ်... စိတ်တော့မကောင်းဘူးပေါ့...
စိတ်ပြေလက်ပျောက်ဖြစ်အောင် ရုံးဆင်းတော့ ကားကလဲ ပျက်နေတာနဲ့ အိမ်ကို လမ်းလျှောက်ပြီးပြန်လာလိုက်တယ်... အဲ့ဒီအချိန်မှာပဲ telepathy ဆိုတာကိုရှောင်းကျန့်ယုံလိုက်ရတော့တယ်... ရိပေါ်ကို သတိရနေတုန်း ကောင်လေးရဲ့ဆိုင်ကယ်က သူ့ဘေးကိုလာရပ်တယ်လေ...
အိမ်လိုက်ပို့မဲ့အကြောင်းကောင်လေးကပြောလာတော့ ပျော်ရပေမဲ့ စိတ်တော့သိပ်မအေးရဘူး.. Zack က တစ်ခါတစ်ခါ မပြောမဆိုနဲ့ အိမ်ကိုရောက်ရောက်လာတတ်တာကိုး... တွေးနေတုန်း ရိပေါ်က သူ့ကို ဦးထုပ်ဆောင်းပေးလာတယ်.. ဒီလိုအချိန်လေးတွေကို ရှောင်းကျန့်သိပ်ကိုတန်ဖိုးထားပါတယ်...

LettersWhere stories live. Discover now