14

1.7K 221 4
                                    

(Unicode)

"ကျွန်တော်တို့ date ကြည့်တာပေါ့.. နောက်တော့အဆင်ပြေရင်တော့ တွဲတာပေါ့.."

ရိပေါ်စိတ်ပေါက်ပေါက်နဲ့ Zack နဲ့ date ဖို့ဆုံးဖြတ်လိုက်တယ်... Zack လိုလူကို ဒီလိုမလုပ်သင့်တာသိပေမဲ့ ရိပေါ်တစ်ကိုယ်ကောင်းဆန်မိပါတယ်... Zack ကလဲ အနောက်တိုင်းသွေးနှောတဲ့သူပဲလေ.. ဒီလိုဆက်ဆံရေးမျိုးက သူ့အတွက်မဆန်းပါဘူး...

ရိပေါ်တို့ date ကြည့်ကြမယ်ဆိုတဲ့နောက်ပိုင်းမှာ တစ်ခေါက်လောက်ပဲတွေ့ဖြစ်လိုက်ပြီး Zack က US ပြန်သွားရတာကြောင့် ဖုန်းနဲ့ပဲအဆက်အသွယ်လုပ်ဖြစ်ကြတယ်.. ရိပေါ်တို့ဆက်ဆံရေးက ခေါင်းစဉ်သာပြောင်းသွားပေမဲ့ အရင်လို သူငယ်ချင်းတွေလိုပဲပြောဆိုကြခြင်းနဲ့ Zack က ရိပေါ်ကို ဝန်ပေါ့စေပါတယ်..

ရိပေါ် training တွေလဲပြန်စပြီဆိုတော့ Zio ကိုရောက်ဖြစ်ပြန်တယ်.. ရှောင်းကျန့်ကိုလဲမတွေ့ပဲကမနေနိုင်ဘူးလေ... ရှောင်းကျန့်ကိုလွမ်းမိတိုင်း Zack ကိုအားနာရတာကလဲ ခံစားချက်တော့ကောင်းလှတယ်မဟုတ်ဘူး..

Zio ကိုရောက်ရင် ထိုင်နေကြစာပွဲလေးဆီပဲ ခြေထောက်ကအလိုလိုဦးတည်မိပါတယ်..

"ရိပေါ်.."

လွမ်းခဲ့ရတဲ့အသံလေး...
နောက်တော့ လွမ်းခဲ့ရတဲ့လူသားလေ..
နောက်တော့ လွမ်းခဲ့ရတဲ့ ထိုသူရဲ့အပြုံးလေ...

ရိပေါ် ထုံးဆံအတိုင်း သတိလက်လွတ်ငေးမိပြန်ပါတယ်...

"ကော.."
"Training သွားမလို့လား.."
"ဟုတ်ကော.. ထိုင်ပါဦးလား.."

အရဲစွန့်ပြီးမေးလိုက်တဲ့အခါ ရှောင်းကျန့်က ရိပေါ်ရှေ့ကခုံလေးကိုဆွဲထိုင်တော့ ရိပေါ်ပျော်လိုက်ရတာ.. ကောက သူထင်ထားသလို ပစ်ပစ်ခါခါမလုပ်ဘူးရယ်လေ..ရှေ့မှာထိုင်နေတဲ့ ရှောင်းကျန့်ဆီကနေ ရနေကျ ကိုယ်သင်းနံ့လေးနဲ့စီးကရက်နံ့ပြေပြေလေး...

~လွမ်းနေတာ အရမ်းကို~

မြင်နေတွေ့နေရတော့မှ အရင်ကဘယ်လောက်တောင်လွမ်းနေမိတယ်ဆိုတာ ပိုသိလိုက်ရပါတယ်...

"ကျန့်ကောနေကောင်းတယ်နော်.."
"အင်း ကောင်းပါတယ်.. ရိပေါ်အကုန်အဆင်ပြေတယ်မလား.."
"ပြေပါတယ်ကော.."

LettersWhere stories live. Discover now