5

2K 253 4
                                    

(Unicode)

ရိပေါ် မရောက်ဖြစ်တာ တစ်ရက်တောင်ရှိပြီဖြစ်တဲ့ Zio ကို ထပ်ထွက်လာခဲ့တယ်... မနေ့က ဖျားချင်သလိုဖြစ်နေတာနဲ့ အိမ်တွင်းအောင်းလိုက်ရတာမို့မလာဖြစ်လိုက်တာ.. တစ်ချို့ fangirl လေးတွေတောင် ရိပေါ်လာတတ်တာသိလို့ Zio မှာ လာလာစောင့်ပြီးချောင်းကြည့်နေတတ်ကြပြီ...

ကျန့်ကောခရီးသွားတာ တစ်ပါတ်ကျော်ပြီ.. ခုထိပြန်မရောက်သေးဘူး.. စာတွေကတော့ တစ်ရက်မှမပြတ်တော့ ရိပေါ်ရဲ့ဝေခွဲမရတဲ့စိတ်တွေက ပိုတိုးလို့လာနေပြီ...

Zio ကိုရောက်တော့ ရိပေါ်ဆိုင်ကယ်ကို ကောင်းကောင်း parking ထိုးနိုင်ဖို့ အတော်ကို စိတ်ငြိမ်အောင်ထားပြီး ကြိုးစားလိုက်ရတယ်...အကြောင်းအရင်းလေးကတော့ outdoor ကခုံလေးမှာ ဆေးလိပ်သောက်ရင်း စိတ်အေးလက်အေး စာဖတ်နေလေရဲ့...

"ကျန့်ကော"
"ဪ ရိပေါ်... morning!!"

~တစ်စိတ်လောက်ခနနေမှပြုံးပါလား ကျန့်ကောရဲ့..ကျွန်တော်ခုထိအသက်ကောင်းကောင်းမရှူရသေးဘူး..~

"Morning ကျန့်ကော... ဘယ်တုန်းကပြန်ရောက်လဲ"
"....."
"ဪ.. ကျန်တော်ဟိုနေ့က Gallery ဖက်ရောက်တာနဲ့ ကျန့်ကောကိုမေးတော့ ခရီးသွားနေတယ်ပြောလို့လေ.. အဟီး"

~အဟီး ကဘာတုန်းဟ.. ကြောင်နေလိုက် ငါလဲ...
တစ်ကူးတစ်ကသွားမေးတယ်ဆိုတာတော့ ကျန့်ကောမသိလဲဖြစ်တယ် ဟုတ်တယ်မလား~

"ဪ.. ကိုယ့်မိဘတွေအိမ်ပြန်သွားတာလေ"
"မီးပုံးပွဲနေ့မှာ ပျော်ခဲ့မှာပေါ့ ကျန့်ကော"
"အင်း... ပျော်ပါတယ်"
"ကျန်တော်ကတော့ မိဘအိမ်မပြန်ဖြစ်ဘူးဒီနှစ်။ ဒါပေမဲ့ ယွမ်ရှောင်းကောင်းကောင်းလေးစားလိုက်ရတော့ တစ်ယောက်ထဲပေမဲ့ အထီးတော့မကျန်နေတော့ဘူးပေါ့.."

ရိပေါ်ပြောပြီးတော့ ကျန့်ကောကို သေချာအကဲခတ်မိတယ်...ကျန့်ကောဆီက လှုပ်ရှားမှုတစ်ခုခုကိုမျှော်လင့်ရင်းပေါ့...
ကျန့်ကောကတော့ သူ့မူပိုင် အပြုံးလက်လက်ကလေးနဲ့ ဆေးလိပ်ကို ရှိုက်ဖွာလို့ အေးဆေးနေလိုက်တာ...

~ကျန့်ကောရယ်..ဘာလဲဗျာ..ကျွန်တော်ပဲအတွေးမှားနေတာလား..~

"ရိပေါ် ကော်ဖီမသောက်တော့ဘူးလား..
နေရောကောင်းရဲ့လား... မျက်လုံးတွေနီနေသလိုပဲ"
"အာ မှာမယ်ကျန့်ကော.. ဟုတ်တယ် ကျွန်တော်မနေ့က နေမကောင်းချင်သလိုဖြစ်နေတာ"
"နွေးနွေးထွေးထွေးနေလေ ကောင်လေးရဲ့.. အေးနေ...."
"ကျန့်ကော.."

LettersWhere stories live. Discover now