17

1.8K 233 4
                                    

(Unicode)

"အခုရောပြောစရာရှိပြီလား Zack.."
"ရိပေါ်.."

ရှောင်းကျန့်ရှေ့မှာထိုင်နေတဲ့ Zackရဲ့ မျက်နှာမှာသွေးတောင်မရှိတော့သလို ဖြူစုတ်သွားတယ်... ရိပေါ်လွတ်နေတဲ့ခုံကိုဆွဲထိုင်လိုက်ရင်း

"ဘာလို့ဒီလောက်လန့်သွားတာလဲ Zack? မဟုတ်တာတွေများလုပ်ထားလို့လား..."
"ရိပေါ် ကိုယ်နဲနဲပြောချင်တယ်.."
"ကျန့်ကော... ကျွန်တော် Zack နဲ့ပြောနေတာ.."
"အာ Sorry ရိပေါ်.. ဒါဆိုကိုယ် gallery ပြန်တော့မယ်နော်... အေးအေးဆေးဆေးပြောကြပါ.."
"ဘယ်သူကပြန်ခိုင်းလို့လဲ ကျန့်ကော.. ကောလဲရှိနေရမယ်လေ... ဆိုင်နေတယ်မဟုတ်ဘူးလား..ဒီကိစ္စနဲ့.."

"ရိပေါ် ကိုယ်တောင်းပန်ပါတယ်..."
"ဘာကိုလဲ Zack.. အရူးလုပ်ခဲ့တာကိုလား... အစောကြီးအလိမ်ပေါ်သွားတာကိုလား..."
"ကိုယ့်ခံစားချက်တွေက လိမ်တာတွေမဟုတ်ဘူးရိပေါ်... စာတွေကိစ္စကို ကိုယ်ရှင်းပြပါမယ်.."
"ဆင်ခြေတွေ ကျွန်တော်နားမထောင်ချင်ဘူး Zack... ခင်ဗျားတို့နှစ်ယောက်ပေါင်းပြီး ကျုပ်ကို အရူးလုပ်ရတဲ့ အကြောင်းကိုပဲပြော..."
"အရူးလုပ်တာမဟုတ်ပါဘူးရိပေါ်... ကိုယ်က ရိပေါ်ကို သဘောကျမိလို့ ရိပေါ်ရဲ့ attention ကိုရချင်လို့ ကျန့်ကျန့်ကို အကူအညီတောင်းခဲ့တာပါ... ကိုယ်ဒီလိုမလုပ်ခဲ့သင့်ဘူး... ကိုယ်မှားတာပါ..."
"ဟက်.. attention ရဖို့?? ခင်ဗျားတို့ mission အောင်မြင်ခဲ့ပါတယ်... သရုပ်ဆောင်လဲအတော်ကောင်းကြတာပဲခင်ဗျားတို့က... ပိပိရိရိကို အလိမ်ခံခဲ့ရတာ...ကျွန်တော်ကအရူးပဲ.."

အသည်းအသန်ရှင်းပြနေတဲ့ Zack ကိုရော ဇောချွေးတွေပြန်ပြီး ငြိမ်နေတဲ့ ရှောင်းကျန့်ကိုရော ရိပေါ်သိပ်ကို စိတ်ကုန်ပါတယ်... ဒီနှစ်ယောက်နားမှာ ဆက်မနေနိုင်တော့တာကြောင့် ထထွက်လာခဲ့လိုက်တော့ Zack က နောက်ကလိုက်လာတယ်..

"ရိပေါ် နေပါဦး.. ကိုယ်..."
"လိုက်မလာနဲ့ Zack... ဆက်လိုက်လာရင် ကျွန်တော်ဘာလုပ်မိမလဲမသိဘူး... ရုပ်ပျက်ဆင်းပျက်တွေမဖြစ်ချင်ဘူး.."

ရိပေါ်ဘဝမှာ ပထမဆုံး လူတစ်ယောက်ကို သဘောကျမိရာကနေ ဖြစ်ပေါ်လာတဲ့ခံစားချက်တွေကြောင့် ပြိုလဲရတာအခါခါပါပဲ...

LettersWhere stories live. Discover now