2

2.5K 293 4
                                    

(Unicode)

ဒီနေ့ရိပေါ် training ရှိတယ်။ အိပ်ယာထနောက်ကျလေတော့ မနက်စာစားဖို့အချိန်မရတော့ဘူး။ ကွင်းကိုသွားတဲ့လမ်းက ကော်ဖီဆိုင်တစ်ဆိုင်မှာ black coffee ဝင်ဝယ်ကာ အမြန်သောက်ရင်း ပြေးရပါတော့တယ်။ ဆေးလိပ်တွေ အရက်တွေမကြိုက်တဲ့ရိပေါ်က ကော်ဖီကိုတော့ စွဲစွဲလမ်းလမ်းသောက်မိပါတယ်။ သူ့အတွက် ကော်ဖီက most important meal of the day လို့တောင်ဆိုနိုင်တယ်..
ကွင်းရောက်တာနဲ့လေ့ကျင့်လိုက်တာ နေ့လည်စာစားချိန်မှပဲ နားဖြစ်တယ်။ နေ့လည်စာစားနေတုန်း Jackson ဆီကဖုန်းဝင်လာတယ်။

"Hello"
"ရိပေါ် မင်းဘယ်မှာလဲ? အားလား?"
"Training မှာ။ ဘာလို့လဲ?"
"မင်းအားတဲ့အချိန်ခဏတွေ့ရအောင်။ ငါ့ညီက ဆိုင်ကယ်ဝယ်ချင်တယ်ဆိုလို့။ မင်းကို အကြံတောင်းချင်လို့တဲ့"
"အေး ရတယ်လေ။ ငါညနေဆိုပြီးပြီ။ ကော်ဖီဆိုင်တစ်ခုခုမှာတွေ့တာပေါ့.. ငါဆိုင်ရွေးပြီး location ပို့လိုက်မယ်"
"အေး ကျေးဇူးပဲ ဟေ့ရောင်"
"အေး ဒါပဲနော်"

Training ပြီးတဲ့အခါ Jackson တို့နဲ့တွေ့ဖို့ မနက်ကကော်ဖီဝင်ဝယ်ခဲ့တဲ့ "Zio Cafe" ဆိုတဲ့ဆိုင်ကိုပဲ ရွေးလိုက်တယ်.. လမ်းလဲသင့်တယ်.. ခြံဝန်းလေးထဲမှာ gallery နဲ့တွဲဖွင့်ထားတာကြောင့် အေးအေးဆေးဆေးထိုင်စကားပြောလို့ကောင်းတဲ့ဆိုင်လေးလဲဖြစ်တာကိုး...
ရိပေါ်စောရောက်နေတာမို့ black coffee မှာရင်း အပြင်ကိုဟိုကြည့်ဒီကြည့်ငေးနေလိုက်တော့တယ်...လျှောက်ကြည့်နေရင်း တစ်နေရာအရောက်မှာ ရိပေါ်မျက်လုံးတွေ ရပ်တန့်သွားပါတယ်..

~ဘယ်လောက်တောင် ငေးကြည့်ချင်စရာကောင်းတဲ့ artwork တစ်ခုလဲ~

အဲ့ဒီ အနုပညာလေးက Outdoor မှာရှိတဲ့ထိုင်ခုံမှာ စီးကရက်ကိုလက်ကြားညှပ်ရင်း ခြေချိတ်ထိုင်ကာ စာအုပ်ဖတ်နေလေရဲ့...ဆောင်းနေ့ရဲ့ နေရောင်ခြည်နွေးနွေးကလဲ သူ့အပေါ်ဖြာကျပြီး ပြီးပြည့်စုံအောင် ထောက်ပံ့ပေးနေသေးတာ...
ယောကျာ်းတစ်ယောက်စာအုပ်ဖတ်နေတာက ဒီလောက်ကြည့်ချင်စရာကောင်းမှန်း ရိပေါ်အသက် ၂၃ နှစ်ရောက်ကာမှ သိလိုက်ရပါတယ်...
ကြည့်နေရင်းနဲ့ အဲ့ဒီလူက စီးကရက်ကို ရှိုက်ဖွာလိုက်တဲ့အခါမှာတော့ ရိပေါ် မျက်တောင်ပင်မခတ်ချင်တော့တဲ့ထိ...

LettersWhere stories live. Discover now