4

2.1K 249 5
                                    

(Unicode)

ရိပေါ် alarm မလိုပဲ အစောကြီးနိုးလာပါတယ်..
ညကအတွေးပေါင်းစုံနဲ့အိပ်မပျော်ခဲ့တာတောင် training ရှိလို့စောအိပ်တဲ့နေ့တွေထက်စောပြီး ကြည်ကြည်လင်လင်နိုးလာခဲ့တယ်...ခါတိုင်းသာဆိုရင် training မရှိတဲ့ဒီလိုနေ့တွေမှာ မွန်းတဲ့ထိအိပ်ရမှ ကျေနပ်တာ...ကျန့်ကောရဲ့အစွမ်း နောက်စရာတော့မဟုတ်ဘူး...

ရိပေါ်မြန်မြန်ရေမိုးချိုးပြီး Zio ကိုထွက်လာခဲ့တယ်... outdoor ကခုံလေးမှာတော့ ကျန့်ကောရှိမနေဘူး။ order တင်ပြီးတော့ ကျန့်ကောထိုင်နေကျခုံမှာပဲထိုင်နေလိုက်တယ်.. မရောက်သေးတာဖြစ်နိုင်တဲ့ ကျန့်ကောကိုစောင့်ရင်း ဟိုဒီတွေးရင်းပေါ့..

ရိပေါ်ကော်ဖီကုန်တဲ့ထိ ကျန့်ကောကရောက်မလာတော့ သူမနေနိုင်တော့ဘူး..waiter တစ်ယောက်ကိုခေါ်ကာ

"ညီလေးရေ အကိုရှောင်းကျန့်ကိုသိတယ်မလား? သူရောက်ပြီလား"
"ဟုတ် သိပါတယ်ဗျ။ ဆိုင်ကိုတော့ မရောက်သေးပါဘူး။ gallery ဘက်မှာတော့ မပြောတတ်ဘူးခင်ဗျ"
"ဪ.. ဟုတ် ကျေးဇူးပါပဲ"

ရိပေါ် gallery ဖက်ကို လျှောက်လာခဲ့လိုက်တယ်.. Zio Cafe နဲ့ Zio Gallery က တစ်ခြံထည်းမှာပဲရှိပြီး အဆောက်အဦ၂ခုကို ကြာပန်းတွေရှိတဲ့ရေကန်ငယ်ပေါ်မှာ တံတားလေးနဲ့ဆက်ထားတာဖြစ်တယ်...Gallery ပီပီ အတော်ကဗျာဆန်ပြီး အေးအေးချမ်းချမ်းလေးရှိပါတယ်..
ရိပေါ် Gallery ထဲဝင်လိုက်တော့ Mozart ရဲ့ Fantasia ကို တိုးတိုးငြိမ့်ငြိမ့်လေးဖွင့်ထားတယ်.. ရိပေါ် Reception ကိုလျှောက်လာပြီး မေးမယ်လုပ်ခါမှ

~ငါဘာတွေလုပ်နေတာလဲ..တွေ့ပါပြီတဲ့ ကျွန်တော့်ကိုစာပေးတာ ကျန့်ကောမလားလို့မေးရမှာလား.. ကော်ဖီဆိုင်ဘာလို့လာမထိုင်လဲမေးရမှာလား..တစ်ခေါက်လေးစကားပြောဖူးတာနဲ့ ဒါတွေမေးရမှာက တော်တော်ကို awkward ဖြစ်မှာ.. ငါလဲအတော်ကြောင်တာပဲ..~

Reception ရှေ့မှာ တွေတွေကြီးရပ်နေတဲ့ရိပေါ်ကို Receptionist ၂ ယောက်က ရိပေါ်ရဲ့ရုပ်ခံလေးကြောင့် သည်းခံနိုင်စွမ်းတွေက အဆုံးမရှိ.. ကြာကြာရပ်လေ ကြည့်နေတဲ့ ငါတို့ အသက်ရှည်လေပေါ့ဆိုတဲ့ ထုံးနှလုံးမူထားကြတယ်..

ရိပေါ်တစ်ယောက် တွေ့မှပဲမီးစင်ကြည့်ကဖို့ဆုံးဖြတ်လိုက်ပါတယ်...

LettersWhere stories live. Discover now