9

1.8K 232 0
                                    

(Unicode)

ရိပေါ် ၂ ရက်ဆက်တိုက် အိမ်တွင်းအောင်းနေတယ်။ Zack ကတော့ စာအိတ်အပြာတွေအစား message ကနေ တစ်နေ့ ၃ ကြိမ်လောက် စာပို့တယ်...
အစားအချိန်မှန်စားဖို့..
ကော်ဖီလျှော့သောက်ဖို့..
နေကောင်းအောင်နေဖို့..
ပြီးရင် အပြင်မှာထပ်တွေ့ချင်တဲ့အကြောင်း........

~Zack ခင်ဗျားရဲ့လက်ရေးနဲ့အရမ်းတူတဲ့လူတစ်ယောက်ရှိတယ်သိလား....ကျွန်တော်လာမတွေ့တာတောင်သတိမထားမိမဲ့ လူတစ်ယောက်ပေါ့~

ဒီအတိုင်းကြီးနေဖို့မဖြစ်တာကြောင့် Jackson နဲ့အတူတူသောက်ရင်းနဲ့ ရင်ဖွင့်ဖို့စဉ်စားလိုက်တယ်.. အရွယ်ရောက်ပြီးသားလူတစ်ယောက်အနေနဲ့ လွှတ်ချစရာရှိတာ လွှတ်ချပြီး ရှေ့ဆက်လျှောက်ရဦးမယ်မလား...

Jackson ရောက်လာတော့ ဘီယာသောက်ရင်း စကားပြောကြတယ်..
"ရိပေါ်  မင်းရရဲ့လား"
"အဆင်တော့ပြေမနေဘူး"
"အေးကွာ... ကြုံလဲကြုံတတ်တယ်"
"ကြုံတတ်တာမဟုတ်ပါဘူးကွာ.... ငါကိုကမဟုတ်တာပါ.."
"အဲ့လိုတော့လဲဘယ်ဟုတ်မလဲ.. ငါဆိုလဲတွေးမိမှာပဲလေ.. အကြောင်းတွေက တိုက်ဆိုင်နေတာကိုး"
"....."
"Zack က ဘယ်လိုလဲ"
"အဆင်ပြေတဲ့လူပါ.. ထပ်တွေ့ချင်လို့တဲ့စာပို့ထားတယ်"
"တွေ့ကြည့်လေ စိတ်ပြေလက်ပျောက်ပေါ့... မဟုတ်လဲ စာတွေနဲ့ မင်းရင်းနှီးခဲ့တာပဲဟာ.. ဘော်ဒါတစ်ယောက်တိုးတယ်သဘောထားပြီး ပေါ့ပေါ့ပါးပါးပဲတွေ့ကြည့်ပေါ့"
"ငါကျန့်ကောကို လွမ်းတယ်"
"ရိပေါ် ငါပြောမယ်.. မင်းအခုက case ၂ခုကိုရောပြီးစဉ်စားနေလို့..
ကျန့်ကောက မင်းရင်းနှီးနေပြီးသားလူပဲ ထပ်တွေ့လဲဘာမှမဖြစ်ဘူး.. မင်းသွားတွေ့လို့ရတယ်..
Zack ကိုလဲ သူငယ်ချင်းအသစ်ရတယ်သဘောထားပြီးတွေ့လို့ရတာပဲလေ..
နောက်မှ မင်းစိတ်က ဘယ်မှာရှိတာလဲဆိုတာ သိလာမှ ဖြေးဖြေးချင်းသွားလို့ရတာပဲ.. စိတ်ကို ပေါ့ပေါ့ပါးပါးပဲထား.."
"အင်း.. မင်းပြောတာလဲဟုတ်ပါတယ်လေ... ငါကမျှော်လင့်တာတွေများနေလို့ ဒီလိုဖြစ်နေတာ.."

Jackson ပြောလိုက်တော့ ရိပေါ်အတွေးတွေနည်းနည်းရှင်းသွားတယ်...
ရောက်တတ်ရာရာတွေပြောကြရင်း သောက်ကြရင်းနဲ့ ရိပေါ် စိတ်ပြေလက်ပျောက်လေးဖြစ်လာတယ်...
နောက်နေ့တွေ ပုံမှန်အတိုင်း daily life ကိုပြန်ဝင်နိုင်လောက်ပါပြီ..

LettersWhere stories live. Discover now