6

1.9K 254 2
                                    

(Unicode)

ရိပေါ်ဒီနေ့ သူ့အိမ် Jackson လာမယ်ဆိုတာနဲ့ ဘာတွေမှာစားရင်ကောင်းမလဲစဉ်းစားနေတယ်..ခေါက်ဆွဲခြောက်ထုပ်လောက်သာပြုတ်တတ်တာဆိုတော့ မပြင်မှာစားရင်စား မစားရင် ဒီလိုပဲမှာစားလိုက်တော့တာ... မဆီမဆိုင် ကျန့်ကောဒီနေ့ဘာဟင်းချက်စားမလဲဆိုတဲ့အတွေးက ပေါ်လာလိုက်သေးတယ်.. တဖြည်းဖြည်းနဲ့ ရိပေါ်နဲ့ရှောင်းကျန့်တို့ ပိုပိုရင်းနှီးလာခဲ့ပြီး ဖုန်းနံပါတ်တွေတောင်လဲထားကြပြီ.. မခေါ်ဖြစ်ကြပေမဲ့ပေါ့လေ..ရှောင်းကျန့်အကြောင်းတွေလဲပိုပိုသိလာခဲ့ရပါတယ်..

ကျန့်ကောက ကြောင်လေးတွေချစ်တဲ့အကြောင်း.
ပန်းချီဆွဲတဲ့အကြောင်း..
SpongeBob ကြိုက်တဲ့အကြောင်း
ပြီးတော့သူကြိုက်တတ်တဲ့ အစားအသောက်တွေအကြောင်း...
သူချက်တဲ့ဟင်းတွေအကြောင်း...
ပြီးတော့ အရေးအကြီးဆုံးဖြစ်တဲ့ single ဖြစ်တဲ့အကြောင်း...

ဘဲလ်သံကြားတော့မှ သူ့အတွေးလွန်နေတာကိုဖြတ်ပြီး တံခါးအမြန်ထဖွင့်ရတယ်..

"လဒရဲ့ ကြာလိုက်တာ တံခါးဖွင့်ဖို့အရေးကို.."
"မင်းကလဲ လူကအိမ်ထဲမရောက်ဘူး အဆဲကအရင်ရောက်နေပြီ"
"ဘာစားရမှာလဲ"
"မင်းအကြောင်းသိလို့ ခုနထဲကဆိုင်ရှာနေတာ။ တရုတ်စာပဲမှာလိုက်တော့မလို့။ ငါမနေ့ကမှ စပါကတီတွေစားထားလို့"
"ရတယ်လေ။ မင်းလဲငါလာတွေ့မှပဲနော်။ ဘာတွေများ အလုပ်ရှုပ်တော်မူနေတာလဲ။ training လဲရှိတာမဟုတ်ဘူး"
"အေး.. မင်းကို ပြောစရာတွေရှိတယ်.. ဟီးဟီး"
"အသံကပုံမှန်မဟုတ်ဘူး။ စော်ကြောင်နေတာလား"
"မဟုတ်ပါဘူးမင်းကလဲ"
"စော်မဟုတ်ရင် ဘဲလား"
"အေး"
"What?!?!?"
"အရမ်းတွေအော်မနေနဲ့  နားပင်းတော့မယ်"
"ရှင်းစမ်း မင်းပြောတာကို"

ဒီလိုနဲ့ စာအိတ်အပြာလေးတွေရောက်တာကစလို့ ကျန့်ကောနဲ့တွေ့တာအထိ ဇာတ်လမ်းရှည်ကြီးကိုရှင်းပြရတယ်..ကျန့်ကောကို ခိုးရိုက်ထားတဲ့ဓာတ်ပုံလေးကိုလဲ ပြဖို့မမေ့မလျော့...
Jackson ကတော့ စားလိုက်သောက်လိုက်နဲ့နားထောင်ပြီးတဲ့အခါ သက်ပျင်းကြီးချတယ်..

~အတော်မောသွားပုံပဲ သကောင့်သားက..~

"အဲ့တော့ မင်းက သေချာအောင်လုပ်ချင်တာမလား"
"အေး"
"မေးလိုက်လေ"
"ငါ.. လုပ်လိုက်ရ.. အဲ့လောက်လွယ်နေရင် ဒီအချိန် ငါသူနဲ့ ရည်းစားဖြစ်နေလောက်ပြီ"
"Overconfident ကလုပ်ပြန်ပြီ..
ဒီလိုရော... မင်းသူ့လက်ရေးကိုရအောင်ယူကြည့်ပါလား. အဲ့ဒါဆို ဟိုစာတွေနဲ့တိုက်လို့ရတာပဲဟာ..."
"အေး ဟုတ်သား... ငါ့ကောင်ကြီးက တယ်အားကိုးရတာကိုး.."
"ပုံမှန်ပဲဆက်ဆံ ဟေ့ရောင်"
"ဆက်အားကိုးပါရစေဦး... သူ့လက်ရေးရအောင်ဘယ်လိုလုပ်ရမတုန်း"
"ကိုယ့်ဟာကိုစဉ်းစား.. ငါမအားဘူး.. ချိန်းထားတာရှိသေးတယ်.. သွားပြီ"

LettersWhere stories live. Discover now