24

2.1K 223 8
                                    

(Unicode)

ရှောင်းကျန့်ချုံချင်းကိုရောက်တာ တစ်လနီးနီးရှိပြီ.. ကောင်လေးကိုလွမ်းတိုင်း ပန်းချီရေးနေတာနဲ့ သူ့ရဲ့တစ်နေ့တာက studio မှာပဲ အချိန်ကုန်တာများပါတယ်..
ညနေရောက်တော့ အညောင်းအညာပြေအောင် မြစ်ကမ်းကို လမ်းလျှောက်ထွက်လာတယ်... နာရီဝက်လောက်လျှောက်ပြီးတော့ လွတ်နေတဲ့ခုံတန်းလေးမှာထိုင်ပြီး ဆေးလိပ်သောက်နေလိုက်တယ်... တိမ်တောက်နေတဲ့ ကောင်းကင်ကြီးကိုငေးကာထိုင်နေရင်းနဲ့ ဒီလိုအချိန် ဝမ်ပေါက်စလေးသာရှိရင်ကောင်းမယ်လို့တွေးမိတယ်.. အရမ်းလွမ်းရပေမဲ့ ဘာမှမဖြစ်ခဲ့ကြသလိုနဲ့ မျက်နှာပြောင်တိုက်ပြီး ကလေးရှေ့ကိုသွားဖို့ သူ့မှာ သတ္တိကမရှိသေးဘူး.. အမှားတွေလုပ်ထားတဲ့သူမဟုတ်လား...

"ဘယ်အချိန်ထိ ပုန်းနေဖို့စဉ်းစားထားတာလဲ"

ရှောင်းကျန့်အလန့်တကြားလှည့်ကြည့်မိတော့ သူ့ဘေးမှာလာထိုင်တဲ့ ဝါဂွမ်းလုံးလေးရယ်လေ.. ရင်တွေခုန်လိုက်ရတာ... သူ့အဖိုးတန်ကလေးက သူ့ဘေးကိုရောက်လာတယ်တဲ့...

"ရိပေါ်.. ဘယ်လိုရောက်လာတာလဲ.."
"ကောကပုန်းနေတော့လဲ လိုက်လာရတော့တာပေါ့.."
"ကိုယ်ဒီမှာရှိမှန်း ဘယ်လိုသိလဲ.."
"နေပါဦးကောရယ်.. အရေးကြီးတာအရင်ပြောရအောင်ပါ... ကော ကျွန်တော့်ကိုကြည့်စမ်း.."

ရိပေါ်က ခုံပေါ်ကနေဆင်းပြီး ရှောင်းကျန့်ရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီးထိုင်လိုက်တယ်.. ရှောင်းကျန့် သူ့ရှေ့ကရိပေါ်ကို ငေးနေမိတယ်... သူ့ကလေးလေးက ဘယ်အချိန်မဆို မြတ်နိုးစရာကောင်းနေတော့တာ...

ရိပေါ်က ရှောင်းကျန့်လက်တွေကိုဆုပ်ကိုင်လိုက်ရင်း

"ကော ကျွန်တော်ကောကိုချစ်တယ်.."
"......"
"ဘယ်လိုပဲ ကောနားမလာတော့ဘူးပဲလုပ်လုပ် အချိန်တန်ရင် ကောနားပဲပြန်လာချင်တာ.. ကောကရော ခုထိ ကျွန်တော်နဲ့အဝေးကိုပြေးချင်တုန်းလား.. "
"ရိပေါ်... ကိုယ်က..."

ရိပေါ်ကကောက်ခါငင်ကာပဲ ရှောင်းကျန့်ရဲ့ဖုန်းကိုဆွဲယူပြီး password နှိပ်ဖွင့်လိုက်ပြီး photo ထဲကိုဝင်လိုက်တယ်.. ပြီးတော့

"ငြင်းဦးမှာလား... ကျွန်တော့်မွေးနေ့နဲ့ password ရယ် ခိုးရိုက်ထားတဲ့ပုံတွေရယ်... ကောရယ် ဘာလို့မပွင့်လင်းရတာလဲ... ကောက စောင့်ဆိုလဲစောင့်နိုင်ပါတယ်.. ဒါပေမဲ့ ဒီလိုကြီးငြင်းနေတာကြတော့ ကျွန်တော့်ကို မသနားဘူးလား.. ဟင် ကော.."
"ကိုယ်က အဲ့လောက်ထိကို သရဲဘောကြောင်တာ... ကိုယ် ရိပေါ်ဆီလာဖို့ကြိုးစားတိုင်း ချီတုံချတုံဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းတယ်.. ဒီလောက်ကို မကောင်းတဲ့ကောင်ပဲကိုယ်က.."
"ကော သူငယ်ချင်းကိုအားနာနေတဲ့စိတ်ကိုဖျောက်ပေးပါလား... ကျွန်တော်က ကောကိုချစ်နေတာသိရဲ့သားနဲ့ ထွက်ပြေးနေတာကြတော့ရော.. ကျွန်တော့်ကိုအားမနာဘူးလား.. အရင်က ကောစိတ်ကိုမသိခဲ့လို့ ကျွန်တော်ကောဆီလာရင် ကောစိတ်ပင်ပန်းရမှာစိုးလို့ ရှောင်ပေးခဲ့တာ.. အခုကောလဲ ကျွန်တော့်ကိုစိတ်ထဲရှိရဲ့သားနဲ့ ဘာလို့ ကျွန်တော့်ကိုလက်မခံရတာလဲ... နှစ်ယောက်လုံးပင်ပန်းနေရတာကြီးက ဟုတ်မှမဟုတ်တာ.. ပြီးတော့ Zack က ကောကိုဘာပြောထားလဲဆိုတာလဲဆိုတာလဲ ကျွန်တော်သိပြီးပြီ... သူကလဲ ကောကိုအပြစ်မတင်ဘူးလေ.. အဲ့တော့ ဒီတိုင်း ကျွန်တော့်ကိုယုံပြီး လက်ခံပေးလို့မရဘူးလား..."

LettersWhere stories live. Discover now