Finale

3.4K 262 13
                                    

(Unicode)

ရှောင်းကျန့်လဲ ရိပေါ်နဲ့အတူပေကျင်းကို ပြန်လာလိုက်တယ်.. အိမ်မှာတစ်လလောက်သောင်တင်နေပြီး ရိပေါ်လာခေါ်မှ ချက်ချင်းပြန်မယ်လုပ်တဲ့သားကို အဖေနဲ့အမေက ပြုံးတုံ့တုံ့နဲ့ကြည့်နေကြသေးတာမို့ ရှောင်းကျန့် ရှက်ကိုးရှက်ကန်းဖြစ်ရသေးတယ်...

ချစ်သူဖြစ်ပြီးတဲ့နောက် ရှောင်းကျန့်ရဲ့တစ်နေ့တာက ရိပေါ်နဲ့စပြီး ရိပေါ်နဲ့ပဲဆုံးပါတယ်... မနက်ဆိုရင် ရိပေါ်က သူ့ကိုလာကြို၊ ပြီးရင် Zio မှာကော်ဖီသောက် မနက်စာစားကြတယ်... ပြီးရင် ရိပေါ်က training ရှိရင် လေ့ကျင့်ကွင်းကိုသွား၊ မရှိရင်အိမ်ပြန်တယ်.. ရှောင်းကျန့်ကလဲ ရုံးတက်တာပေါ့... ရုံးဆင်းချိန်ရောက်ရင် ရိပေါ်ကလာကြို၊ ပြီးရင်ညစာစားပြီးမှ ရှောင်းကျန့်ကိုအိမ်ပြန်ပို့ပြီး ရိပေါ်ကအိမ်ပြန်တယ်... မပင်ပန်းတဲ့နေ့ဆိုရင်တော့ ရုံးဆင်းရင် အိမ်မှာပဲ ဟင်းချက်ပြီး ညစာစားကြတယ်... အလုပ်များရင်တော့ ဆိုင်တစ်ခုခုမှာပဲဝင်စားလိုက်ကြတာပေါ့...
ပိတ်ရက်ဆိုရင်လဲ ရှောင်းကျန့်အိမ်မှာပဲ ရိပေါ်ကတစ်နေကုန်သွားတတ်တာ.. တစ်ခါတစ်လေဆိုရင် ရိပေါ်ဂျီကျပြီး အိမ်မပြန်တော့ရင် ရှောင်းကျန့်အိမ်မှာပဲ ပေးအိပ်လိုက်ရတော့တယ်... ဂျီကျတဲ့တစ်ခါတစ်လေက တစ်ပါတ်မှာ ၃ ရက်လောက်တော့ဖြစ်သွားတတ်တာပေါ့လေ...

Zack ကို နှစ်ယောက်ချစ်သူတွေဖြစ်သွားတဲ့အကြောင်း ရှောင်းကျန့်ကပြောပြတော့ နှစ်ယောက်စလုံးအတွက် သူဝမ်းသာတဲ့အကြောင်းပြောလာတယ်... ဒီအချိန်မှာ သူအနည်ထိုင်နိုင်ဦးမှာမဟုတ်ပေမဲ့ နောက်တစ်ခေါက်ပြန်လာတဲ့အခါ ပျော်ပျော်ရွှင်ရွှင်နဲ့တွေ့ကြမဲ့အကြောင်းရယ် ရှောင်းကျန့်ကို အားကျတဲ့အကြောင်းရယ်ပြောတဲ့အခါ ရှောင်းကျန့်က သူငယ်ချင်းအတွက် စိတ်မကောင်းဖြစ်ရသလို သဘောထားပြည့်ဝပေးလို့ ကျေးဇူးတင်ရပါသေးတယ်...
.....

ဘာလိုလိုနဲ့ ဒီဇင်ဘာတောင်ပြန်ရောက်လာခဲ့ပါပြီ.. ဒီနေ့ ရိပေါ်တို့ dinner date ကြတယ်... ရိပေါ်က ရှောင်းကျန့်အရင်ကပေးထားတဲ့ မာဖလာလေးကိုပတ်လို့ပေါ့...

"ကော.."
"ဗျာ.."
"ချမ်းနေလား..."
"မချမ်းပါဘူး..."
"ကောကလဲဗျာ... ချမ်းရမယ်လေ.. အဲ့ဒါမှ ကျွန်တော်က ဖက်ထားပေးလို့ရမယ်မဟုတ်ဘူးလားလို့... အလိုက်ကိုမသိဘူး.."
"ဟဟ.. အေးပါ အေးပါ.. နောက်ဆိုချမ်းမယ်.."
"အခုချမ်းတော့ ဘာဖြစ်မှာကျလို့.."
"ကဲ... လာ လာ.. ချမ်းတယ်.. ဟုတ်ပြီလား.."
"ကောက ညိုညိုညင်ညင်ကြီးချမ်းနေတာ.."
"ဟောဗျာ...
ကိုကိုကချမ်းလို့ ကလေးက ဖက်ပါဦးခင်ဗျာ.."
"ဟီးဟီး... လာခဲ့.. ချမ်းရင်ဖက်ထားပေးမယ်.. ချစ်ဖို့ကောင်းလိုက်တာ ကိုကိုက.."

LettersWhere stories live. Discover now