Senior Ma Ma : part 1

23.1K 618 22
                                    

        ကျွန်တော့နာမည်က ထူးထူးပါ။ မန္တလေးသူတစ်ယောက်မို့ စကားပြောတဲ့အခါ ကျွန်တော် လို့ပဲသုံးတတ်ပါတယ်။ မန္တလေးနည်းပညာတက္ကသိုလ်ကနေ Civil နဲ့ကျောင်းပြီးထားပြီး အခုလက်ရှိ ရန်ကုန်မှာ သင်တန်းတက်ရင်း အလုပ်ရှာနေတာပေါ့။ ရန်ကုန်မှာ အဖေ့ဘက်ကညီမ အဒေါ်အပျိုကြီးတစ်ယောက်ရှိတာမို့ သူငယ်ချင်းတွေနဲ့တိုက်ခန်းငှားမနေဖြစ်ပဲ အဒေါ်နဲ့ပဲ အတူနေဖြစ်ပါတယ်။
        အဒေါ်အပျိုကြီးက စည်းကမ်းကြီးတဲ့သူမို့ သင်တန်းချိန်တွေကလွဲရင် အပြင်ထွက်ခွင့်သိပ်မရပါဘူး။ ကိုယ်ကလဲ အရင်ကတည်းက မိဘတွေထက် အဒေါ်ကို ကြောက်ရတဲ့သူမို့ ဘယ်ပဲသွားသွားအကုန်ပြောပြပါတယ်။ အလုပ်interview တွေခေါ်ရင်တောင် သူကိုယ်တိုင်လိုက်ပို့တဲ့အထိ တင်းကြပ်ပါတယ်။
            Sunday တစ်ရက်မှာ သင်တန်းအပြီး သူငယ်ချင်းတွေခေါ်တဲ့ အင်ဂျင်နီယာဆိုင်ရာအလုပ်အကိုင်ပြပွဲနဲ့ ဟောပြောပွဲကို ရောက်ခဲ့ပါတယ်။ သူငယ်ချင်းတွေဆိုလို့လဲ များများစားစားမဟုတ်ပါဘူး သီရိ ဆိုတဲ့ အမေတစ်ယောက်လို ပေါက်ပေါက်ဖောက်တတ်တဲ့တစ်ယောက်ရယ်  မြတ် ဆိုတဲ့ပေါကြောင်ကြောင်တစ်ယောက်ရယ်ပဲရှိတယ်။ ငယ်ငယ်လေးကတည်းကပေါင်းလာတဲ့ သူငယ်ချင်းတွေအများကြီးရှိပေမယ့် တက္ကသိုလ်ဝင်ခွင့်ရတာချင်းလဲတူ Major ကလဲ သုံးယောက်လုံး Civil တွေချည်းပဲ။ သူ့အိမ်ကိုယ့်အိမ်ရယ်ကို သိပ်မသတ်မှတ်ထားတဲ့အထိကို ခင်မင်ကြတယ်။ အခုလဲ အလုပ်ရှာနေတာ သုံးယောက်လုံးမို့ အလုပ်အကိုင်ပြပွဲကိုရောက်လာခြင်း ဖြစ်တယ်။
            Senior တွေဟောတာပြောတာတွေ နားထောင်ရင်းက နာရီတော်တော်များများကြာသွားတယ်။ ဟောပြောပွဲပြီးလို့ company တွေက အလုပ်အကိုင်တွေနဲ့ လိုအပ်တဲ့ရာထူးတွေကြော်ငြာတယ်။ ကိုယ်တွေက  experience နည်းနေသေးလို့ အဆင်ပြေမယ့် company တွေလိုက်မှတ် တစ်ချို့က လူကိုယ်တိုင်သွားလျှောက်ရမယ့်နေရာတွေများလို့ လိပ်စာတွေတောင်းကာ သူငယ်ချင်းသုံးယောက်ပြန်လာခဲ့တယ်။

                   အိမ်ပြန်ရောက်တော့ အတော်တောင်နောက်ကျနေပြီ။ အပျိုကြီးပြောသမျှကို အကုန်နားထောင်ပေမယ့် သူရှာပေးတဲ့အလုပ်ကို လက်မခံခဲ့ပေ။ ကိုယ့်အလုပ်အတွက် ကိုယ့်အရည်အချင်းနဲ့သာလိုချင်တယ်လို့ ပြောထား၍ သာ အတင်းမစီစဥ်တာ။ ရေချိုး ညစာစားပြီးနောက် အလုပ်သွားလျှောက်ရမယ့်လိပ်စာတွေဖတ်ရင်း မနက်ဖြန်သွားဖို့ plan တွေချ CV form ပြင်ထားလိုက်တယ်။

စီနီယာမမ (Completed) UNI +ZGWhere stories live. Discover now