"တူ.....တူ......တူ....." (Dial pad tone)
ထူးထူးတစ်ယောက် volunteer camp မှ ပြန်ရောက်တည်းက ဖုန်းဆက်နေတာ....အကြိမ်ရေ မနည်းတော့ဘူး....
မေမြတ်မို လုံးဝမကိုင်ပါဘူး....
ထူးထူး စိတ်တွေပူလာတာမို့ ကြံရာမရတဲ့ အဆုံး လိုရမရမှတ်ထားတဲ့ မေ့အိမ်ဖုန်းကို ကောက်ဆက်လိုက်သည်
"Hello..."
"ဆရာမလား မင်္ဂလာပါ....ကျွန်တော်ထူးထူးပါ... မေ့ဖုန်းကို ဆက်နေတာ ဆက်သွယ်မရလို့"(HH)
"ဟုတ်လား..."(Aunt)
"အိမ်မှာ မရှိဘူးလားဟင်"(HH)
"ညနေဘက်မှ ရုတ်တရက် အပြင်သွားမယ်ဆိုပြီး ထွက်သွားတာ... အခုထိပြန်မရောက်တော့ သမီးဆီရောက်နေတယ်တောင်ထင်နေတာ"(Aunt)
"ဟုတ်လား ဆရာမ... မရိုမသေ သူပြန်ရောက်ရင် ဖုန်းဆက်ဖို့ ပြောပေးပါ့လား"(HH)
~~~~~~~~~~~~~~~~
ညဘက်ရောက်တော့လဲ ဆရာမဆီက မေမြတ်မိုပြန်ရောက်ပြီဆိုတဲ့ ဖုန်းသာဝင်လာတယ်.....
မေမြတ်မိုက ပြန်လဲ မခေါ်ခဲ့သလို ဝင်သမျှ Call တွေကိုပါ မကိုင်ခဲ့ပါ
မနက်ပိုင်း အလုပ်ထဲမရောက်ခင် ဖုန်းဆက်သော်လဲ ဖုန်းကိုင်ခြင်းမရှိ... တနေသာကုန်သွားတယ် စာလေးတစ်ကြောင်းတောင်ပြန်မပို့ထားချေ...
ထူးထူးတစ်ယောက် မေမြတ်မိုအိမ်ကို ပြေးလိုက်သွားချင်သော်လည်း အလုပ်က တစ်ပတ်လုံးနီးပါး overtime တွေနဲ့ အပြည့်
ပြီးခဲ့တဲ့ တစ်ပတ်လုံး အဆက်အသွယ်ဖြတ်သွားခဲ့တဲ့ အကြောင်းအရင်းကို ထူးထူးလုံးဝ စဥ်းစားမရခဲ့
~~~~~~~~~~~~~~~~~~~
မေမြတ်မို လိုင်းပေါ်မှာရော ဖုန်းနဲ့ပါ စာတွေပို့ ဖုန်းတွေ ခေါ်ထားသော ထူးထူးကို လျှစ်လျှုရှုထားတဲ့ အကြာင်းကတော့....
သက်ထားသခင်အိမ်ကို လာသွားတဲ့နေ့
Sunday ညနေဘက်....မေမြတ်မို ပုံတွေကြည့်ရင်း သံသရတွေ အတုံးလိုက်အတစ်လိုက်ဝင်နေတုန်း...ဧည့်ခန်းစားပွဲပေါ်မှာ ကျန်နေခဲ့တဲ့ ထားသခင်ဖုန်းလေးကို မြင်လိုက်မိတယ်