"ထူးထူး...ထူးထူး"
သီရိနဲ့ မြတ်တို့ တားဖို့ရာ ပြေးလိုက်ပြီး ခေါ်သော်လည်း ထူးထူးက ကားမောင်းပြီး ထွက်သွားလေပြီ...
"သူ့နောက်လိုက်မှဖြစ်မယ်....မတားနိုင်ရင် တစ်ခုခုဖြစ်သွားမှာ"(Thiri)
~~~~~~~~~~~~~~~~
မေမြတ်မိုတစ်ယောက် အိမ်ပြန်ရောက်တော့
"ထားသခင်လဲ ရောက်နေတာကို"(MMM)
"ဟုတ်တယ် မမေမြတ်မို... ညီမလဲ ဒီနေ့ Duty off တာနဲ့ မောင်ကလဲ ခေါ်လို့ လိုက်လာလိုက်တာ"(THTK)
"မောင်ဆိုပါလား... ဧကန်န ထားသခင် မောင့်ကို အဖြေပေးပြီးပြီနဲ့တူတယ်"ဆိုပြီး မေမြတ်မိုတွေးမိလိုက်သည်
"အေးဆေး နေကြတော့နော်... အမ အဝတ်သွားလဲလိုက်ဦးမယ်နော်"(MMM)
"မမ ဒါနဲ့လေ သက်ထားကို ဒီနေ့ ဒီမှာ ညအိပ်ခိုင်းချင်လို့ ဖြစ်မလား"(HH)
"ရပါတယ်...မ အတွက်အဆင်ပြေပါတယ်"(MMM)
"ပြီးတော့ မမ... ကျွန်တော် သက်ထားဆီက အဖြေရခဲ့ပြီ😊😊"(HH)
မေမြတ်မို သူတို့ကို နှုတ်ဆက်ပြီး အခန်းထဲကိုသာ မြန်မြန်သုတ်ခြေတင်ခဲ့တော့သည်....
"မောင်ရယ်... တစ်နေ့ ဒါမျိုးဖြစ်လာမယ်ဆိုတာ သိပေမယ့်... အမှန်တကယ်ရင်ဆိုင်ရတော့ မလွယ်ပါလား မောင်ရယ်...." (MMM)
အခန်းထဲရောက်တာနဲ့ အဝမှာတင် အရုပ်ကြိုးပျက်ထိုင်ချလိုက်ပြီး မျက်ဝန်းထဲက အရည်တွေကို အတားအဆီးမဲ့ လွှတ်ချရင်း တွေးနေမိသည်
"မေမြတ်မို... နင်ကိုယ်တိုင် ဒီအခြေအနေကို ဖန်တီးယူခဲ့တာပဲမဟုတ်ဘူးလား.... ဘာလို့ အခုမှ နောင်တရချင်နေရတာလဲ"
ဘယ်အချိန်ထိငိုနေမိမှန်းမသိ....
မျက်လုံးများပင်နီရဲလို့ ယောင်လာပြီ....
မေမြတ်မို ဝအောင်ငိုပြီးသည်နောက်ရေချိုးပြီးတော့ ရောင်နေတဲ့ မျက်လုံးတွေကို ရေခဲကပ်ဖို့ အပြင်ဘက်ကို ထွက်ခဲ့လိုက်တယ်.....
အခုထိ အခန်းထဲမဝင်သေးပဲ ထူးထူးနဲ့ သက်ထားသခင်က ဧည့်ခန်းထဲမှာ ရယ်ရယ်မောမောနဲ့ Puzzle ဆက်ကြတုန်း