6နှစ်ခန့်ကြာသော်
"ပါး... ပါပါး.... ပါးရေ... "
ထူးထူး ဘယ်တွေစိတ်ရောက်နေလဲမသိ... ဘေးက သမီးလေးခေါ်တာပင် မကြားမိ...
သမီးလေး... မေနဲ့ ထူးထူးတို့ရဲ့ ကလေးလေးတောင် ၆နှစ်ပြည့်လို့ ဒီနှစ်မှာပဲ ကျောင်းစတတ်ရတော့မယ်...
နာမည်က "မေမြတ်မောင်"တဲ့....
"ဟင်... သမီးပြော... ဘာလို့လဲ..."
(HH)"သမီး ကျောင်းမှာ တစ်ယောက်ထဲ ဖြစ်နေမှာကြောက်လို့... အပါးရော လိုက်စောင့်ပေး..." (MMM)
"စောင့်ပေးရမှာပေါ့... ဒီသမီးလေး တစ်ယောက်ထဲ ရှိတာကို..." (HH)
"ကားမောင်းနေရင်း.. ငေးမနေနဲ့လေ.. အမားကို တိုင်ပြောလိုက်မှာ..."(MMM)
"အမေတူ သမီးလေးပဲ... လူကိုဆို အရမ်းနိုင်စားတာပဲ... ချစ်တာကိုနော်" (HH)
မေမြတ်မောင်လေးကလဲ ငယ်ပေမယ့် စကား အရမ်းတတ်တာ...
မေ့လိုမျိုး ကြင်နာတတ်တဲ့ မျက်လုံးတွေ သူ့မှာရှိတယ်...
မေ့လိုပဲ ထူးထူးကို အရာရာ လိုက်ပြောတတ်တယ်...
လူကိုလဲ ဂရုစိုက်တတ်တယ်....
မရယ်.... မရော တစ်ယောက်ထဲ အဆင်ပြေပါရဲ့လား....
~~~~~~~~~~~~~~
"သမီးလေး စာသင်ရတာ အဆင်ပြေရဲ့လား... သူငယ်ချင်းတွေရော ရခဲ့ရဲ့လား" (HH)
"ဒီနေ့ ဘွားလေးတို့ဆီ သွားချင်တယ်... အခု လိုက်ပို့ပေးပါ့လား..." (MMM)
"အင်း.. လိုက်ပို့ပေးရမှာပေါ့..ကျောင်းမှာ အဆင်မပြေခဲ့ဘူးလား...."(HH)
ကလေးလေးက မျက်နှာမကောင်းရင် သူ့အဘွားတွေဆီမှာ သွားချင်နေတာ
ထူးထူးက မေမြတ်မောင်လေးကို ချစ်ပေမယ့် အပြင်မှာ သိပ်မဖော်ပြတတ် ကလေးတွေရဲ့ အကြောင်းကို မသိတာလဲပါမှာပေါ့....
"မရယ်.... မ သမီးလေးကတော့ ငယ်ငယ်လေးနဲ့ တအား စိတ်ကောက်တတ်တာပဲ... သူ့အဘွားတွေပြောတာကတော့ မငယ်ငယ်ကနဲ့ တူတယ်တဲ့...
သူစိိတ်ကောက်ရင် မောင် မချော့တတ်ဘူး... မသာအနားမှာရှိရင် ကောင်းမှာပဲ... အရမ်းလွမ်းတယ် မရယ်...."