Senior Ma Ma Part 2 Uni +ZG

8.3K 459 2
                                    

သင်တန်းချိန်ကို ဖုန်းအစိမ်းတစ်လုံးဝင်လာတယ်။ သင်တန်းပြီးလို့ပြန်ခေါ်လိုက်တဲ့ အချိန်မှာ အလုပ် interview တစ်ခု အလုပ်ကတော့ သန်လျင်ဘက်မှာ ...

ကိုယ့်အတွက်အဆင်ပြေမယ့် အလုပ်မို့ ဝေးလဲ interview သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်........

Interview နေ့တွင် လာဖြေသူသိပ်အများကြီးရှိမနေပါ ယောကျားလေး ခြောက်ယောက်ရယ် ကိုယ်ရယ်ပဲ မိန်းကလေးဆိုလို့ကိုယ်တစ်ယောက်ထဲ ဖြေရမယ့် နေရာများမှားနေလားတွေးနေမိပါတယ်။

ထူးရဲ့ရှေ့က တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြပါတယ် ခဏနေတော့ ပိန်ပိန်သေးသေးကောင်မလေးတစ်ယောက်က ညီမလေး အထဲဝင်လို့ရပြီဆိုပြီး လာခေါ်သွားပါတယ်။ အထဲရောက်တော့ သူတို့ဘက်ကမေးတာတွေဖြေ လစာကိစ္စညှိနှိုင်းက ပြန်လာခဲ့ပါတယ်။

အပြန်လမ်းကားပေါ်တွင်ပဲ interview အောင်ကြောင်းလှမ်းဆက်ပါတော့တယ်။

သွားလျှောက်တဲ့အလုပ်က နိုင်ငံခြား Project တစ်ခု မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး စီမံကိန်း တော်ရုံဆို fresher မခေါ်ဘူး..... စိတ်ထဲ အိမ်ကအဒေါ်ကိုတောင် သင်္ကာမကင်းဖြစ်လိုက်မိသေးတယ်.....

ဘာပဲဖြစ်ဖြစ် အလုပ်တစ်ခု အတွေ့အကြုံ အကြီးကြီးရမှာတော့ ထူးအတွက်သေချာခဲ့ပါတယ်.....

အလုပ်ကလဲ urgent ဝင်ရမှာမို့ သူငယ်ချင်းနှစ်ယောက်ကို ဖုန်းဆက်သာပြောမိတယ်။

အလုပ်က ရန်ကုန်ဘက်ကို ferry စီစဥ်ပေးတာမို့အဆင်ပြေပါတယ်။ အဆင်မပြေတာက သီရိ......

"ထူးထူး နင် ပိတ်ရက်တော့ ငါ့ကို အချိန်လေးပေးပါဦး ငါနင့်ကို ပြောစရာတွေရှိတယ်"

သီရိတစ်ယောက် အလုပ်ချိန်မှာ ဖုန်းတကူးတက ဆက်ပြီး ပြောရှာတယ်။ သူ့မှာပြောစရာဆိုလို့ သူ့မိဘတွေနဲ့ မြတ်အကြောင်းပဲရှိတာ။

သောကြာနေ့တစ်ရက် အလုပ်ထဲမှာ
အလုပ်ဝင်တာ ၂ပတ်ကျော်ပြီ ဖြစ်လို့ department တိုင်းက engineer တော်တော်များများနဲ့ သိနေပါပြီ။

သောကြာမနက်တိုင်း meeting ရှိရာ site engineer အငယ်တွေက အလှည့်ကျတက်ရတယ်။ ဒီအပတ် ထူးအလှည့်ဖြစ်တယ်။

စီနီယာမမ (Completed) UNI +ZGWhere stories live. Discover now