"မောင်...ထတော့...အလုပ်သွားရမှာ"
(MMM)မေတစ်ယောက် သူ့ကို ဖတ်ထားပြီး အိမ်မောကျနေတဲ့ ထူးထူးရဲ့ မျက်နှာလေးကို စိုက်ကြည့်ရင်း နှိုးနေမိတယ်
"မောင်ရေ... အလုပ်နောက်ကျတော့မယ်... ထပါဆိုကွာ"(MMM)
"ဒီနေ့ ခွင့်ယူလိုက်မယ် မရယ်...."(HH)
"ဘာလို့လဲ... နေမကောင်းဘူးလား"
(MMM)"ဟောဒီက မအနားကနေ မခွာချင်သေးလို့" (HH)
"မညစ်ပတ်နဲ့လေကွာ... သွားမတိုက်ပဲ လူကိုမနမ်းနဲ့... " (MMM)
"နမ်းမှာပဲ... ဘာဖြစ်လဲ..." (HH)
အိပ်ယာကထဖို့ ပြင်နေတဲ့ မေ့ကို လွှတ်မပေးပဲ မေ့ မျက်နှာသေးသေးလေးနဲ့ လည်တံဖွေးဖွေးလေးတစ်လျှောက်ကို အနမ်းတွေပေးလိုက်... ဖွဖွလေးကိုက်လိုက်... Marking ရာလေးတွေလိုက်ပေးနေသည် 🥶🥶
"မောင် တော်ပြီလေ... ရုံးသွားတဲ့နေ့ အရာတွေ မပျောက်သေးရင်ကဲ့ရဲ့စရာ ဖြစ်နေမယ်"
(MMM)"ဒါဆို လူမမြင်တဲ့ နေရာကိုဆက်သွားလိုက်မယ်လေ.... 😈😈"(HH)
ရပ်မသွားသင့်အပြင် မေ့ခါးကို ဖတ်ထားတဲ့ ထူးထူးရဲ့ လက်တွေက အထက်ပိုင်း နယ်မြေကို ကျူးကျော်ဖို့ စစ်ချီလာပါတယ်.....
"မောင် တော်ပြီ... ထတော့... စောစောစီးစီး နှာခေါင်းမီးလောင်နေ.." (MMM)
ထူးထူးရဲ့လက်တွေကို ပုတ်ချပြီး မေမြတ်မို မျက်နှာသစ်ဖို့ ထသွားသည်
မသွားခင် ထူးထူးကို မျက်စောင်းချိုချိုလေးတွေ အမုန်းကျွေးသွားသေးတယ်
~~~~~~~~~~~~~~~
"မ.... new year ပိတ်ရက်ကျရင် မန္တလေးသွားကြရအောင်... မေမေ့ကို ပြောပြလိုက်တော့မယ်လေ"(HH)
"မောင့်အမေက သဘောတူပါ့မလား... ထားသခင်နဲ့တုန်းက မောင် ခံစားခဲ့ရတာတွေကြည့်ပြီး ခွင့်မပြုရင်ကော"
(MMM)"ခွင့်ပြုမှာပါ... မေမေက မကိုသဘောကျပါတယ်"(HH)
"ထားသခင်ရော အရမ်းခံစားနေရလောက်တယ်...."(MMM)
"ကိုယ့်ဘာသာ နေကောင်းအောင်သာနေပါ ဒေါ်မေမြတ်မိုမိုရယ်... သူများအတွက်တွေးပေးလိုက်တာကို.."(HH)