Senior Ma Ma : Part 7 Uni + ZG

6.4K 344 4
                                    


                အဆင်ပြေရဲ့လားလို့တောင်
တစ်ခွန်းမမေးလိုက်ရဘူး...သူ့ဘာသာရုတ်တရက် ရောက်လာပြီး ကောက်ခါငင်ကာ ပြန်သွားတယ်....

ကားမောင်းပြီးပြန်လာတဲ့ မေမြတ်မို
ငါ့ကို မနေ့ညက လန့်ထားတာ အကြောက်ပြေပြီလားလို့တောင်
တစ်ချက်ကလေးမမေးဘူး....

ငါကလဲ ဘာကိုမျှော်လင့်နေတာလဲ??

တစ်နေ့လယ်လုံး အိပ်ထားတာကြောင့်
တော်တော်နဲ့ အိပ်ဖြစ်မှာမဟုတ်တဲ့အတွက် ပစ်ထားသလိုဖြစ်နေတဲ့ကားလေးကို ရေချိုးပေးနေလိုက်တယ်

ဟိုဘက်က နန်းကလဲ ဘယ်ချိန်က ထွချောင်းနေသလဲ မသိဘူး ထူးထူး ကားရေဆေးဖို့ ပြင်ဆင်နေကတည်းက အပြင်မှာ ငုတ်တုတ်လေး ထွက်ထိုင်လို့

ကားရေဆေးပြီး နန်းလဲရှေ့မှာရှိတာနဲ့ အပြင်မှာပဲ စကားတွေပြောနေလိုက်ကြတယ်

"နန်း wine သောက်တတ်လား ထူးနဲနဲသောက်မလို့ နန်းသောက်ချင်လား"

"နန်းသောက်တတ်ပါတယ် မသောက်တော့ဘူး ထူးသောက်လေ"

အစက wimeသောက်ဖို့ ထယူပေမယ့် စိတ်ထဲမှာ ဘီယာလေးသောက်ချင်စိတ်ဖြစ်တာကြောင့် myanmar တစ်ဗူးနဲ့ ဖောက်လတ်စ စီးကရက်ဗူးလေးယူကာ ထွက်လာခဲ့လိုက်တယ်

"နန်း အိပ်ချင်ရင် ပြန်အိပ်နော် ထူးကတနေ့လုံးအိပ်ထားတာမို့"

"ရတယ် နန်းလဲ ပျင်းနေတာ မအိပ်သေးပါဘူး ထူးဖို့ အမြည်းလေးလုပ်ပေးရမလား"

"ရတယ် နန်း အဆင်ပြေတယ်"

"Do you need me

Do you think I'm pretty

Do I make you feel...."

မြတ်ဆီက ဖုန်းဝင်လာတယ်.....

"မြတ်ကြီးပြော မင်းတို့နှစ်ယောက်က ငါ့ကိုပစ်ထားကြတယ်နော်"

"မဟုတ်ပါဘူး ထူးထူးရာ ငါတို့လဲ ဆက်မယ်ဆ်ုပြီး မဆက်ဖြစ်လို့ပါ"

"အေး အခုက ဘာလို့ ပြောကြည့်"

"ငါ သုံးရက်လောက် နယ် site သွားရမှာ တိုက်ခန်းမှာ မင့်သူငယ်ချင်းတစ်ယောက်ထဲ ကျန်ခဲ့မှာ"

"အေးပါ သိပြီ ငါကအဲ့သုံးရက်လုံး
မင့်ရည်းစားနဲ့ အိပ်ပေးရမှာပေါ့"

စီနီယာမမ (Completed) UNI +ZGWhere stories live. Discover now