Senior Ma Ma : Part 25 Uni + ZG

6.5K 334 22
                                    

"မမ... အလုပ်ကမပြီးသေးဘူးလား... ကျွန်တော်တစ်ယောက်ထဲ ပျင်းလှပြီ" (HH)

မေမြတ်မို အိမ်မှာမရှိတာ တစ်ပတ်ကျော်သွားပြီ....

"အင်း မနက်ဖြန် သဘက်ခါလောက် ပြန်ရောက်မယ်..."(MMM)

မေမြတ်မိုဖြစ်နိုင်ရင် ထူးထူးရှိရာအရပ်ကို ခြေဉီးတောင်မလှည့်ချင်မိတော့တာ

~~~~~~~~~~~~~~~~

"မမ... ခရီးကပြန်လာတာလား... ဆေးရုံကဆင်းလာတာလား မသဲကွဲဘူး.. နေမကောင်းဖြစ်နေခဲ့တာလား"(HH)

"နည်းနည်းလေး ပင်ပန်းနေလို့...."(MMM)

"မမ အတွက် ကျွန်တော် ဟင်းတွေချက်ပေးထားတယ်... အိမ်လဲ သန့်ရှင်းနေလုပ်ပေးထားတယ် 😁"(HH)

"အင်း လိမ်မာနေတာပဲ..."(MMM)

"သက်ထားကလဲ မမကို အိမ်အလုပ်တွေ ကူလုပ်ပေးလို့ မှာသွားလို့"(HH)

အော်... သူ့ချစ်သူ စကားကို သေချာနားထောင်တတ်တာပဲနော်...

"မမ နေမကောင်းရင် နားလိုက်နော်... ခဏနေမှ ထမင်းစားဖို့ လုပ်ပေးမယ်"(HH)

~~~~~~~~~~~~~~~~

ညစာစားနေတုန်း...

"မမ... မနက်ဖြန် ညနေပိုင်းအားလား?"
(HH)

"အခုထိတော့ ချိန်းထားတာမရှိသေးဘူး"(MMM)

"ဒါဆို ကျွန်တော့ကို ညနေပိုင်းအချိန်ခဏလေးပေး..."(HH)

"ဘာလုပ်ဖို့လဲ... မ သိပ်နေမကောင်းလို့ အပြင်မထွက်ချင်ဘူး"(MMM)

"ချစ်သူလေး Surprise တိုက်ဖို့ လူအင်အားလိုနေလို့... မမက ရပ်နေပေးရုံပဲ.... ဘာမှမလိုဘူး... လာခဲ့ပေးပါနော်"(HH)

ဒါနောက်ဆုံးအကြိမ် မောင့်အတွက်ပေးဆပ်ခြင်းလို့ပဲ မှတ်ယူပြီး မေမြတ်မို လာခဲ့ပေးမယ်လို့ပြောလိုက်တယ်...

"ကျွန်တော်က မနက်ပိုင်းတည်းက သွားပြီးပြင်ဆင်နေမှာမို့ မမတစ်ယောက်ထဲ ကားမောင်းလာလို့ဖြစ်ရဲ့လား"(HH)

"အင်း...အဆင်ပြေပါတယ်... ဘယ်နေရာ ဘယ်အချိန်လဲ...."(MMM)

"JS က Go Go Racer ကို ညနေ၆နာရီ" (HH)

~~~~~~~~~~~~~~~

သူ့ဘာသာ သူ့ချစ်သူကို Surprise ပဲလုပ်လုပ်.... propose ပဲတောင်းတောင်း ကိုယ့်ရဲ့ နောက်ဆုံးအကြိမ် ပေးဆပ်ခြင်းပဲ လို့ မေမြတ်မို မှတ်ယူကာ ထွက်လာခဲ့လိုက်သည်.....

စီနီယာမမ (Completed) UNI +ZGWhere stories live. Discover now