လည်တံဖွေးဖွေးလေးတစ်လျှောက်
အနမ်းတွေ စပေးလိုက်တယ်....ပြီးတော့ နားရွှက်ကလေးကို သွားလေးနဲ့ ဖွဖွကိုက်....
ထို့နောက် ပါးလေးကို အနမ်းတွေ ဆက်လက် ချွေလိုက်တယ်.....
နဖူးထက်မှာ ကျနေတဲ့ ဆံစလေးတွေကို ဖယ်ရှားရင်း နဖူးထက်မှာ အနမ်းလေး တစ်ပွင့်.....
နောက်ပြီး......ထူးထူး မေမြတ်မိုခန္ဓာကိုယ်လေးကို တင်းကြပ်စွာဖတ်ထားလိုက်သည်....
"မောင် အသက်ရှုကြပ်နေပြီ....မကို လွှတ်ပေးတော့...."
လူကို သူ့ခန္ဓာကိုယ်ကြီးနဲ့ မစာမနာ တက်ဖိထားသေးတယ်....
ထူးထူးလဲ သူဖိထားမိတာ သတိရသွားပြီး မေမြတ်မိုအပေါ်မှ ဖယ်ပေးကာ ဘေးမှာ ပြန်လှဲလိုက်သည်
"မ.... Good Night"
"အင်း...."
~~~~~~~~~~~~~~~~~~
မေမြတ်မိုတစ်ယောက် မနက်အစောကြီးနှိုးနေသည်မို့ ထူးထူးကို မနှိုးသေးပဲ ရေချိုးအဝတ်လဲပြီးမနက်စာပြင်နေသည်....
"မ....မ ရေ..."
"အိပ်ပုတ်လေး နှိုးပြီလား....မနက်စာ ပေါင်မုန့်ကြက်ဥကြော်နဲ့ နွားနို့လေးလုပ်ထားတယ်....မျက်နှာသစ်ပြီးရင် စားလိုက်.... မ ပြန်တော့မယ်... နောက်ကျနေပြီ"
"မောင့်ကို Morning Kiss လေးပေးဦး..."
နှုတ်ခမ်းလေးစူပြကာ ကလေးတစ်ယောက်လို့ ပြုမူနေတဲ့ ထူးထူး... အငယ်ပေမယ့် လူကြီးလေးလို အမြဲနေတတ်တာ...အခု မနက်မှ ချက်ချင်းဆိုသလို... ကလေးဆန်သွားသည်
"မောင်ကလဲကွာ မျက်နှာဖြင့် မသစ်ရသေးပဲ"
"ဟုတ်ပါပြီဗျာ... သွားတော့လေ မ... နောက်ကျရင် တံတားပေါ်မှာ ကားပိတ်နေလိမ့်မယ်"
~~~~~~~~~~~~~~
ထူးထူးတစ်ယောက် အရင်နေ့တွေနဲ့ မတူ .... မနဲ့ အဆင်ပြေသွားပြီဆိုတော့ အလုပ်ထဲလဲ တက်ကြွလန်းဆန်းလို့
နေ့လယ်ဘက် canteen မှာထမင်းစားနေချိန်....ရုံးမန်နေဂျာဆီက ဖုန်းဝင်လာတယ်....
"ဟုတ် ဂျာကြီး ပြော"
"အခုဘယ်မှာလဲ ထူးထူး.... ဆရာ နင့်ကို ခေါ်လို့.... ရုံးခဏလာခဲ့ဦး"