Senior Ma Ma : 27 Uni + ZG

7.1K 329 35
                                    

"Leukemia သွေးကင်ဆာဆိုတာက မြန်ဆန်ပြင်းထန်သော သို့မဟုတ် နာတာရှည်သော ဖြစ်ခြင်း တစ်ခုမဟုတ်တစ်ခု ဖြစ်တတ်တယ်။ မြန်ဆန်ပြင်းထန်သော သဘောမှာ ရောဂါလက္ခဏာများ မြန်ဆန်စွာ ပေါ်ပေါက်လာတတ်တယ်။ရောဂါကို လျင်မြန်စွာ ကုသမှုမပေးဘူးဆိုရင် မြန်မြန် ကြီးထွားလာလိမ့်မယ်။ နာတာရှည်သော သဘောမှာ ရောဂါနှင့် ရောဂါလက္ခဏာများ တဖြည်းဖြည်းတိုးတက်ပေါ်ပေါက်လာစေလိမ့်မယ်..."
(Dr)

ထူးထူးနဲ့ မေမြတ်မိုတို့နှစ်ယောက်
ရန်ကုန်ပြန်ရောက်တော့ ပါရဂူနဲ့ သွားရောက် ဆွေးနွေးဖြစ်ခဲ့တယ်...

" ရိုးတွင်းခြင်ဆီ မှန်ကန်စွာအလုပ်မလုပ်သောအခါတွင် ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခုမို့...tissue တူသည့် ရိုးတွင်းခြင်ဆီအစားထိုးပါက လုံးဝပျောက်ကင်းနိုင်ပါတယ်....။

ရိုးတွင်းခြင်ဆီသည် အရိုး၏ ပျော့ပြောင်းသောအတွင်းပိုင်းဖြစ်ပြီးတော့ သွေးဆဲလ် ထုတ်လုပ်သည့်အလုပ်ရုံအနေဖြင့် လုပ်ဆောင်တယ်...

ရိုးတွင်းခြင်ဆီသည် မှန်ကန်စွာ အလုပ်လုပ်လျှင်၊ သွေးဖွဲ့စည်းထုတ်လုပ်သည့် ဆဲလ်များသည် နောက်ဆုံးတွင် သွေးနီဥဆဲလ်များ၊ သွေးဖြူဥဆဲလ်များနှင့် သွေးဥမွှားများအဖြစ် အသွင်ပြောင်းသွားနိုင်တယ်... အရမ်းကြီး မစိုးရိမ်ဖို့ ဆရာပြောချင်တယ်"(Dr)

မေမြတ်မိုက ပင်ကို သွေးအားနည်းရောဂါအခံရှိသည်မို့ အနည်းငယ်စိုးရိမ်ရတာကလွဲလို့ အဆင်ပြေခဲ့ပါတယ်...

"ဟုတ်ကဲ့ ဆရာ... မေနဲ့ ရိုးတွင်းခြင်ဆီ တူတဲ့သူက ရှာဖို့လွယ်ပါ့မလား..."
(HH)

"ဒါက သူ့ရဲ့ အမျိုးအစားကို စစ်ဆေးပြီးတော့ တူရာရှာရမှာပေါ့... များသောအားဖြင့်... ဆွေမျိုးတွေမှာ တူတဲ့သူတွေ့ရတတ်တယ်..."(Dr)

"ဟုတ်ကဲ့ ဆရာ... ကျေးဇူးတင်ပါတယ်..." (HH)

"ဒီကြားထဲတော့ ဆေးရုံကိုပုံမှန်လာပြီး စစ်ဆေးမှုခံယူဖို့ လိုတယ်နော်..."(Dr)

"ဟုတ်ကဲ့ပါ ဆရာ..."(MMM+HH)

"မောင်... ခဏလောက် အပြင်ကထွက်ပေးပါ့လား... မ ဆရာနဲ့ နှစ်ယောက်ထဲ ပြောချင်လို့..." (MMM)

စီနီယာမမ (Completed) UNI +ZGWhere stories live. Discover now