ထိုနေ့ မနက်ကတွေ့ပြီးတဲ့နောက် နှစ်ယောက်လုံး မအားတဲ့ အလုပ်တွေကြားမှာ ခေါင်းမဖော်နိုင်လို့ မတွေ့ဖြစ်တာပင် သုံးပတ်လောက်ရှိနေပြီ....
Covid ကြောင့် ညဘက်ထွက်ခွင့်
ကန့်သတ်ထားတာကြောင့်လဲ ပါပါတယ်.....ရတဲ့အချိန်လေးမှာ ဖုန်းဆက်...ညဘက်မအိပ်ခင် vcall လေးခေါ်တာလောက်နဲ့ အလွမ်းဖြေခဲ့ကြသည်....
ထူးထူး နောက်အပတ်ထဲ အားလပ်ရက်ရတာမို့ မြတ်တို့နဲ့ တရားဝင်မိတ်ဆက်ပေးချင်တာမို့...မေမြတ်မိုကို ဖုန်းခေါ်လိုက်တယ်
"Hello မ....ပြန်ရောက်ပြီလား...ပင်ပန်းနေပြီလား"
"အင်း ရောက်တာကြာပြီ....ဖုန်းခေါ်တော့မလို့ပဲ"
"ထူး ဒီအပတ် Sunday နားရက်ရတယ်....မ ကို မြတ်တို့နဲ့တွေ့ ပေးချင်လို့....မ အချိန်ရလား"
"သူတို့နဲ့ တွေ့ဖူးပြီးသားပဲ....ဘာလို့လဲ.. မ schedule ကြည့်လိုက်ဦးမယ်...ခဏကိုင်ထားပေး"
"ကိုယ့်ချစ်သူအနေနဲ့ ထုတ်ကြွားချင်လို့လေ မရဲ့....မ က မကြိုက်ရင် မချိန်းတော့ပါဘူး"
"မဟုတ်ပါဘူး... ရှင်လေးက ဘယ်သူမှ အသိမပေးချင်ဘူး ပြောထားလို့သာ...ကျွန်မက အိမ်ကို ပြောဖို့ အထိတွေးထားပြီးသား"
"နေပါဦး မရယ်...စောနေပါသေးတယ်"
"ဘယ်လိုလုပ်ရမလဲ အဲ့နေ့ကို အိမ်ကလူတွေနဲ့ ပဲခူးဘက်သွားဖို့ရှိတယ်"
"ရပါတယ် မရယ်...မက မအားဘူးဆိုတော့ ထူးလဲ အလုပ်မနားတော့ပါဘူး"
~~~~~~~~~~~~~~~~~~~
At Sunday,ထူးထူး တစ်ယောက် အလုပ်ဆင်းမယ်ဆုံးဖြတ်ပြီးမှ သွားချင်စိတ်မရှိတာနဲ့ အခန်းမှာပဲ တနေကုန်အောင်းနေလိုက်တာ ညနေဘက်မှ နန်းက ကားဂိတ်ကို အရေးတကြီး သွားဖို့ အကူအညီတောင်းနေတာနဲ့ လိုက်ပို့ခဲ့တယ်
မေမြတ်မိုကလဲ ပဲခူးဘက်သွားနေတာပြီးတော့ ကားဂိတ်တစ်ခုပဲ သွားမှာဆိုတော့ တွေ့စရာအကြောင်း မရှိဘူးဆိုပြီးပဲ ထူးထူးတွေးထားလိုက်သည်...
ထူးဘက်ကတော့ ရိုးရိုးသားသား ကူညီပေးလိုက်တာပါ....မေမြတ်မိုနဲ့လဲ တွေ့မယ် မထင်တာနဲ့...