"ထူး ကို ချစ်နေမိပြီထင်တယ်"မေမြတ်မိုက အဖြေပြန်ပေးတယ်လို့တောင်မှ ထူးထူးတစ်ယောက် အိမ်မက်ထဲတောင် ယောင်လို့ စိတ်ကူးယဥ်
မထားဖူးဘူး.....အခုကျတော့ သူ့ကို ချစ်တယ်တဲ့လား
လူတစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေ ဗြောင်းပြန် စီးဆင်းသွားသလိုခံစားရတယ်.....
"အမကို အထင်သေးသွားသလား .... မင်းဘက်က ထပ်ဖွင့်ပြောမှာ မဟုတ်ဘူးဆိုတာ သေချာပြီမို့ အကြိမ်ကြိမ်
စဥ်းစားပြီးမှ အခုလိုပြောတာ"ထူးထူးမှာ ဘာမှမပြောနိုင်ပဲ တော်တော်လေး shock ရသွားတယ်ထင်ပါရဲ့ ကြောင်တောင်တောင်ကြီး ရပ်နေတုန်းး
မေမြတ်မိုကပဲ စကားတွေပြောနေမိပါတယ်....
"ထူး အမကို မချစ်တော့ဘူးလား... ဒါမှမဟုတ် မူးနေတုန်းမို့ မှားပြောမိတာလား"
အတန်ကြာတဲ့အထိကို ထူးထူးဘက်က စကားတစ်ခွန်းမျှပင် ထွက်မလာပါ
မေမြတ်မိုကတော့ "ငါ အရဲစွန့်ပြီးပြောလိုက်တာ ရှက်စရာတော်တော်ကောင်းသွားတာလား....သူကတော့ ဘာမှမပြောဘူး...သူမတောင်းပဲ ပေးမိတဲ့ အဖြေက အပေါစားဆန်သွားလား ရှက်ဖို့ကောင်းလိုက်တာ မေမြတ်မိုရယ်"
ဆိုပြီး စိတ်ထဲ ကိုယ့်ကိုကို အပြစ်တွေ တင်နေမိသည်"ထူးဘက်က အမကို ပြောစရာမရှိလဲ ပြန်ရအောင်လေ....အမ မပြောမိဘူးလို့ပဲ သဘောထားပေးပါ"
မာနတွေ ချဝါချပြီးပြောလိုက်မိတာ ရှက်သွားတာကြောင့် မျက်ဝန်းမှာ မျက်ရည်တွေတောင်ဝဲတတ်လာသူက ဒေါ်မေမြတ်မို.....
ပြန်မယ်ဆိုပြီး လှည့်အထွက်မှာ သူ့လက်ကို အေးစက်တဲ့ လက်တစ်စုံက ညှင်သာစွာ ဆွဲခြင်းခံလိုက်ရတယ်...
"....အမ တကယ်ပြောနေတာလား"
"စိတ်ထဲမထားပါနဲ့ .....ဒီတိုင်း အမဘက်က ရင်ဖွင့်ရုံသက်သက်ပါ"
"အရမ်းချစ်တယ် မ..... ပြောမပြနိုင်အောင်ကို ချစ်မိနေတာ"
ထူးထူးတစ်ယောက် ပြောရင်းနဲ့ပဲ
မေမြတ်မိုကို ဖတ်ထားလိုက်တယ်....