"Hello..."(HH)
"မောင့်... တနေ့လုံးလဲ ဖုန်းမဆက်ဘူး... အလုပ်များနေတာလား"(MMM)
"နည်းနည်းများနေလို့မရဲ့...မရော နေကောင်းရဲ့လား"(HH)
"အဲ့စကားက မောင့်ကိုမေးရမှာ... အိမ်ကိုလာသွားတဲ့နေ့တည်းက စိတ်နဲ့လူနဲ့ မကပ်ဖြစ်နေတာ"(MMM)
"မ စိတ်ထင်နေလို့... ဒါနဲ့မ မောင်တစ်ခုလောက် တောင်းဆိုချင်လို့...ချင်းပြည်ဘက်က Projectကို မောင်လိုက်သွားချင်လို့...မ သဘောကရော"(HH)
"မောင့်အတွက် အတွေ့အကြုံအများကြီးရမှာ ခွင့်ပြုပါတယ်.... အခုကြားတာကတော့ အဲ့project ကို ခဏရပ်ထားမယ်ပြောတယ်"(MMM)
"ဘာပဲဖြစ်ဖြစ်ပါ... မ သဘောတူတယ်ဆိုရင် မောင်လုပ်မယ်ပြောလိုက်တော့မယ်နော်"(HH)
"Okay"(MMM)
"မနက်ဖြန် ရုံးချုပ်ကို လာဖို့ရှိတယ်... မဘက်က အချိန်ရရင် နေ့လယ်စာ တူတူစားချင်တယ်"(HH)
"ရောက်တဲ့အချိန်ဖုန်းဆက်လိုက်လေ..."(MMM)
တွဲတာမှ လပိုင်းပဲရှိသေးတဲ့ Relationship တစ်ခုက အရမ်းကြီးအေးစက်လွန်းနေတယ်လို့ မေမြတ်မို ခံစားရတယ်....
သူကိုယ်တိုင်အတွက်က အချစ်ဦး ရည်းစားဦးဆိုတာကလဲ ထူးထူးတစ်ယောက်ပဲ... ဒါကို ထူးထူးကတော့ မသိလောက်ပါ....
ထူးထူးဘက်က စဖွင့်ပြောခဲ့ပြီး အခုလို သူ့ဘက်ကပဲ အေးစက်သွားတာကြီးကိုကလဲ မေမြတ်မိုအတော်လေး စိတ်ညစ်နေရသည်...
ဒါတွေကဘာကြောင့်လဲ..???
မေမြတ်မိုတစ်ယောက်တော့ ဒီညလဲ အတွေးတွေ မေးခွန်းတွေနဲ့ ညနက်ခဲ့ပြန်သည်...
~~~~~~~~~~~~~~~~~
"မရေ... မောင်ရောက်နေပြီနော်... မအဆင်ပြေတဲ့ အချိန်ထွက်လာခဲ့လေ"(HH)
မေမြတ်မို နာရီကြည့်မိတော့ ၁၁နာရီခွဲပင်ရှိနေပြီ....Project အသစ်အတွက်အလုပ်တွေများနေတာကြောင့် မနက်ကလဲ အိမ်ကစောစောထွက်ခဲ့တာ အခုထိလဲ အလုပ်တွေက မပြတ်သေးဘူး
"အင်း မ ခဏနေရင် ထွက်ခဲ့လိုက်မယ်... ကားနားကစောင့်နေနော်"(MMM)
ထူးထူးစောင့်နေရမည်စိုး၍ မြန်မြန်လုပ်နေသော်လဲ အချိန်ကတစ်နာရီလောက်ပင်ရှိသွားသည်... ညနေဘက်ကို သီရိကို ချိန်းထားတာလေးကြောင့် Overtime နဲ့ လုပ်ရန်ကမဖြစ်ဘူး