Senior Ma Ma Part 5

6.2K 379 6
                                    

        

        ထူးထူးတစ်ယောက် နေ့လယ်က
မေမြတ်မိုကို ကောင်လေးတစ်ယောက်နဲ့ တွဲပြီးတွေ့ရတဲ့ မြင်ကွင်းကိုပဲ ဦးနှောက်ထဲ ခဏခဏရောက်လာတယ်

မေ့ထားပါမယ်ဆိုမှ ထွက်မသွားဘူး...

JS ကဝယ်လာတဲ့ speaker song box လေးကို စမ်းသပ်ရင်း သီချင်းအေးအေးလေးတစ်ပုဒ်ပြီးတစ်ပုဒ် ဖွင့်နေလိုက်တယ်

မသောက်တာတော်တော်ကြာပြီဖြစ်လို့ ရင်ထဲ ပူနေတာတွေသက်သာလိုညာသီရိပေးလိုက်တဲ့ Wine လေးအမြည်းသောက်နေလိုက်တယ်

စီးကရက်လေး သုံးလိပ်နဲ့ wine ပုလင်းတစ်ဝက်လောက်သာ ကုန်သွားတယ် မသက်သာခဲ့ဘူး

မနက်မထနိုင်တော့မည်စိုး၍ အိပ်ရန်ပြင်ခဲ့တယ်

"ဒေါက် ဒေါက် ဒေါက်"

"ထူးရေ ထူး ထူးထူး "

"လာပြီ ......"

ဟာ မနက်၇နာရီတောင်ခွဲနေပြီ ထမှဖြစ်မယ် ရှေ့ကလဲ ဘယ်သူလာနှိုးနေတာပါလိမ့်နော်......

"အော် နန်း ဘာလို့လဲ ထူးဘာလုပ်ပေးရမလဲ"

" နန်း မနက်စာ ခေါက်ဆွဲလေးသုပ်ထားလို့ ထူးကို စားစေချင်လို့လာပေးတာ"

ဒီကလေးမလေးက မနက်အိပ်ယာထလာတာတောင် ဖွေးသန့်နေရော အခုမှထတဲ့သူက အနံ့လေးမွှေးလို့

"အားနာစရာ နန်းရယ် ဟီးဟီး မနက်သာစားဖို့ နောက်ကျနေတာနဲ့ အတော်ပဲ
ကျေးဇူးပဲနော် "

နန်းတစ်ယောက် ထူးအခန်းထဲကျော်ကြည့်မိတော့ စားပွဲခုံပေါ်မှာ မုန့်စားလတ်စတွေ Wine ပုလင်းနဲ့ စီးကရက်အပိုင်းအစတွေ.....

ညကသောက်ထားတာနဲ့တူတယ်.....
ငါကလဲ အဲ့လိုပေတေတေလေးနေမှ ကြိုက်တာနဲ့ အကိုက်ပဲ အခွင့်သာရင် အမြည်းတောင်လုပ်ပေးချင်တာနော်

ထူးထူးတစ်ယောက် နောက်ကျနေ၍ ရေချိုး မနက်စာစားပြီး အခန်းပင်မရှင်းနိုင်ပဲ အလုပ်ထဲကိုထွက်လာခဲ့တယ်

ရုံးရောက်တော့တွေ့ရပါပြီ မေမြတ်မို
ခုံမှာ အခန့်သားထိုင်ပြီး လက်တစ်ဖက်က ကော်ဖီခွက်ကို ကိုင် တစ်ဖက်က mouse ပေါ်မှာ

စီနီယာမမ (Completed) UNI +ZGWhere stories live. Discover now