"မောင်... မောင်ဆိုတဲ့ နာမ်စားလေးကို ဆက်ခေါ်နေလို့ရော အဆင်ပြေပါ့မလား....မောင်ကမသိပေမယ့် ကျန်တဲ့သူတွေအမြင်မှာ မတို့က သူစိမ်းတွေလေ"
....MMMM....
~~~~~~~~~~~~~~~~~~~
မနေ့ညက ထူးထူးရဲ့ စကားတွေကို ကြားပြီးတဲ့နောက် မနက်စောစော ထူးထူးမျက်နှာကို ထပ်ကြည့်နိုင်ဖို့ အတော်လေး ခက်ခဲသွားပြီမို့ မနက်စောစောရုံးကိုထွက်လာခဲ့လိုက်သည်
"မမ... မမရေ"(HH)
မေမြတ်မိုရဲ့ အခန်းတံခါးကို ခေါက်နေပေမယ့်...အထဲက အသံပင်ပြန်မကြားရ....
"ဟာမနှိုးသေးတာလား... ဘယ်သွားနေတာလဲ"(HH)
မီးဖိုခန်းရောက်တော့ ရေခဲသေတ္တာမှာ ကပ်ထားတဲ့ sticker note လေးတစ်ခုကို ထူးထူး မြင်လိုက်တယ်...
"မ ရုံးသွားနှင့်ပြီ... မနက်စာ လုပ်ပေးထားခဲ့တယ်... စားဖြစ်အောင်စားပါ... ကားကို ဖြည်းဖြည်းနဲ့ ဂရုစိုက်ပြီးမောင်းခဲ့လိုက်နော်" (Note pad)
"ဘာတွေ အဲ့လောက်အရေးကြီးနေလို့ အစောကြီးထွက်သွားရတာလဲ"(HH)
~~~~~~~~~~~~~~~~
အလုပ်ထဲရောက်တော့လဲ မေမြတ်မို အစည်းအဝေးရှိတာ အကြောင်းပြပြီး နေ့လယ်စာကို ထူးထူးနဲ့ မစားလိုက်
"မမ... အလုပ်မဆင်းသေးဘူးလား"(HH)
မေမြတ်မို အလုပ်ကို ဖိလုပ်နေပြီး သူ့အခန်းကို ထူးထူးရောက်လာတာပင် မသိလိုက်...
Desktop ကနာရီကို ကြည့်လိုက်တော့ ငါးနာရီတောင် ခွဲသွားပြီ...
ခါတိုင်းရက်တွေဆိုရင် ငါးနာရီထိုးတာနဲ့ ကားပေါ်ရောက်နေတတ်တဲ့ မေမြတ်မိုက ဒီနေ့မှ ရုံးခန်းထဲမှာရှိနေဆဲပဲ
"မ... အလုပ်တွေ မပြီးသေးလို့ အိမ်ပြန်နှင့်လိုက်ပါ့လား"(MMM)
"ဟင်း... ကြိုလဲဖုန်းမဆက်ဘူး.. Parking မှာ စောင့်နေရတာကိုး"(HH)
"မ အလုပ်များနေလို့ပါ တောင်းပန်ပါတယ်ကွယ်"(MMM)
"ကျွန်တော် ပြန်နှင့်လိုက်ပြီနော်"(HH)
~~~~~~~~~~~~~~~
ကိုယ့်အတွက်မဟုတ်တဲ့သူကို မေမြတ်မို ဒီထက်ပိုပြီး မျှော်လင့်ချက်တွေမထားချင်တော့ဘူး....