Senior Ma Ma : Part 21 Uni + ZG

5.5K 331 27
                                    

"မောင်...ဘာဖြစ်လာတာလဲ"(THTK)

သက်ထားသခင် Operation team မှာ အကူဆရာဝန်အဖြစ်လိုက်သွားတယ်... operation room မဝင်ခင် မြတ်တို့ကို ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားထားလိုက်သည်.....

မြတ်နဲ့ သီရိလဲ ဆေးရုံကိုနာရီပိုင်းအတွင်းရောက်လာခဲ့တယ်...

ခွဲစိတ်ခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသူက သီရိတစ်ယောက်ပင်

"သီရိ... မောင်ရော....မောင်ဘယ်မှာလဲ"
(MMM)

ညအိပ်ဝတ်စုံနဲ့ ဖိနပ်တောင်မပါပဲ ပြေးလာသူက မေမြတ်မိုတစ်ယောက်

"ခွဲစိတ်ခန်းထဲမှာ အမ...ဝင်သွားတာ တစ်နာရီခွဲကျော်နေပြီ... အခုထိ အခြေအနေမသိရသေးဘူး"(Thiri)

"မောင်သာ တစ်ခုခုဖြစ်ရင် မ ရင်ကျိုးရမှာ... မောင် ဘာမှဖြစ်လို့မဖြစ်ဘူး"(MMM)

သီရိကတော့ ငိုနေတဲ့ မေမြတ်မိုလက်ကလေးကို ဆုပ်ကိုင်ပေးရင်း အားပေးနေရှာတယ်

နောက်နာရီဝက်လောက်ကြာတော့ ခွဲစိတ်ခန်းတံခါးပွင့်လာပါတယ်...

"ခွဲစိတ်တာအောင်မြင်ပါတယ်... စိုးရိမ်စရာမရှိတော့ပေမယ့်... သတိရလာတဲ့အထိတော့ စောင့်ကြည့်ရဦးမယ်"(Dr)

မေမြတ်မိုကတော့ ထူးထူးခွဲစိတ်ခန်းကထွက်လာတည်းက VIP အခန်းကိုပြောင်းစေကာ သီးသန့် Dr တစ်ယောက်ကိုပါ ငှားထားလိုက်သည်

VIP အခန်းထဲမှာ မေမြတ်မို တစ်ချိန်လုံးရှိနေတာကြောင့် သက်ထားသခင် အပြင်ကနေ ရပ်ကြည့်နေမိတယ်....
သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ ခွဲစိတ်မှုဆိုတော့ အရမ်းတော့ မစိုးရိမ်ခဲ့ပါဘူး

~~~~~~~~~~

တစ်ညလုံး စောင့်ကြည့်နေပေမယ့်
ထူးထူးကတော့ သတိရမလာသေးပါ....

မြတ်က စနေနေ့ အလုပ်ဆင်းရတာတော့ကြောင့် သီရိတစ်ယောက်ထဲ ဆေးရုံကိုထွက်လာခဲ့လိုက်တယ်

"မမို ထူးထူး သတိရလာပြီလား... အမလဲ တစ်ညလုံးလဲ အိပ်မပျော်ဘူးမို့လား... ညီမရောက်ပြီဆိုတော့ အိမ်ပြန်နားလိုက်ပါ့လား"(Thiri)

"သတိရမလာသေးပါဘူး ညီမရယ်... အမလဲ စိတ်တွေပူလှပြီ"(MMM)

"အမ ပြန်နားလိုက်လေ... ညီမ စောင့်နေပေးမယ်"(Thiri)

စီနီယာမမ (Completed) UNI +ZGWhere stories live. Discover now