Senior Ma Ma : Part 9 Uni + ZG

6.2K 377 3
                                    

One week ago,

"မေလေး သမီး ပြင်ဦးလွင်ကို သွားရမှာဆို.... ကိုကြီးကလဲ ကလေးကို တစ်ယောက်ထဲ လွှတ်ရက်လိုက်တာ"

"ရပါတယ် တီလေးရဲ့ သမီးကိုယ်တိုင်လဲ သွားချင်လို့ပါ..."

"ဟိုမှာ အစစ အရာရာ ဂရုစိုက်နော် စိတ်ပူတယ် တီလေးလိုက်ခဲ့မယ်လေ"

"ဦးလေး လိုက်ပို့မှာပဲ သမီးအဆင်ပြေပါတယ် ကလေးမှမဟုတ်တော့တာ"

မေမြတ်မို ထူးထူးရှိရာ ပြင်ဦးလွင်ကို သွားချင်တာမို့ Design Head ရာထူးကို မလိုချင်ပဲ လက်ခံခဲ့သည်....

လိုက်ပို့မည်ဆိုသော ဦးလေးမှာ Company က ကိစ္စတွေ မပြတ်သေးတာမို့ ရက်အနည်းငယ်နောက်ကျမှ ထွက်လာခဲ့တာ

အခုလဲ အဝတ်လဲခန်းထဲမှာ အဝတ်လဲနေရင်း တံခါး lock မချမိလို့ ထူးထူး ရုတ်တရက် ဝင်လာခြင်းဖြစ်သည်

"Sorry အမ လူရှိမှန်းမသိလို့"

"ရပါတယ် ပြီးပါပြီ"

မေ့ထားပါတယ်ဆိုမှ ဘာလို့ပေါ်လာပြန်တာလဲ??

အခုကရော ဘာကိစ္စ ဒီကို ရောက်နေတာလဲ???

Sub company မခေါ်ဘူးလို့သိထားတာပါ...

မေမြတ်မိုကထွက်သွားပေမယ့်...
ထူးထူးတစ်ယောက်ထဲ Changing Roomမှာ ကျန်နေခဲ့သည်

"ထူးထူး CEO ရောက်နေတယ် meeting room ကို အခုလာခဲ့"

ကိုရဲရင့် ဖုန်းဆက်ခါမှ အသိဝင်လာပြီး စိတ်တွေ စုစည်းကာ meeting ခန်းကို လာခဲ့သည်

အခန်းထဲတွင် လူများများစားစားရှိမနေခဲ့ပါ...

CEOရယ် Project Engineer ရယ် ကိုရဲရင့်ရယ် ဒေါ်မေမြတ်မို နဲ့ staff တစ်ယောက်ရယ်သာ

"ဒါကတော့ အကုန်လုံးသိပြီးသား ဖြစ်တဲ့ Company က CEO ပါ"

"ဒီဘက်ကတော့ အခု project design ကို တာဝန်ယူပေမယ့် မေမြတ်မို ရုံးချုပ်က design head လေ"

Design Head တဲ့လား ဒီ company ကို အခုမှရောက်လာတယ် Head နေရာတမ်းရတာပဲလား

~~~~~~~~~~~~~~~~~~~~~~

မတွေ့ချင်လို့ ရှောင်နေမှ တိုက်တိုက်ဆိုင်ဆိုင်လာတွေ့မိခြင်း.....

စီနီယာမမ (Completed) UNI +ZGWhere stories live. Discover now