"အား........"(HH)
မေမြတ်မိုကို သွားခေါ်ဖို့ အထခေါင်းတွေမူးလာပြီး ထူးထူးတစ်ယောက် လဲကျသွားသည်
"ထူးထူး....ထူးထူး"
"ထူးထူး.... သတိထားဦး"
အကုန်လုံးက ဝိုင်းခေါ်နေပေမယ့်... သတိရမလာ...
ဆိုင်ထဲက လူနည်းစုလဲ အဲ့ဝိုင်းကိုပြုံလာကြတော့...
မေမြတ်မိုလဲ လှမ်းကြည့်လိုက်သည်
"ဟင် သီရိတို့ပါလား.... မောင်လဲသွားတာထင်တယ်"(MMM)
မေမြတ်မို စားပွဲကနေထပြီး အလျင်အမြန်ပြေးသွားလိုက်သည်
"မောင်... မောင်..."(MMM)
"ဘယ်လိုဖြစ်သွားတာလဲ..."(MMM)
"စိတ်လှုပ်ရှားပြီး မူးလဲကျသွားတာ... ဆေးရုံကားမလာသေးခင် ခဏလောက်စောင့်ကြည့်ရအောင်"(THTK)
"အား...ကျွတ်ကျွတ်..."(HH)
ခဏနေတော့ ထူးထူးပြန်သတိရလာတယ်..
"မောင်... သက်သာလား"(MMM)
"ခေါင်းထဲက ကိုက်နေတယ်.... ကျွန်တော်ဘာဖြစ်သွားတာလဲ"(HH)
"နင် ရုတ်တရက်ထလိုက်တာ... ပြီးတော့ လဲကျသွားတာပဲ"(Thiri)
ပြန်စဥ်းစားခါမှ မမနဲ့ ကိုဥက္ကာကို မြင်ပြီး စိတ်တိုသွားတာကို သတိရလိုက်တယ်....
နောက်ပြီး... မေမြတ်မိုဘေးမှာ သူ့ကိုရပ်ကြည့်နေတဲ့ ဥက္ကာကိုလဲ မြင်လိုက်ရော
"မမ ကျွန်တော် အိမ်ပြန်ချင်တယ်... အတူတူပြန်ရအောင်"(HH)
"အင်းအင်း ခဏလေးနားလိုက်... အခြေအနေငြိမ်ရင် ပြန်ကြမယ်နော်"(MMM)
"အွန်း"(HH)
"ညီမလေး ထားသခင် ... ထူးထူးကို ကြည့်ပေးပါဦး... ဆေးရုံမသွားလဲ ဖြစ်ပါ့မလားလို့"(MMM)
"ဖြစ်ပါတယ် မမေမြတ်မို... ဒီတိုင်း Stress ဖြစ်ပြီး လဲကျသွားရုံပါ"(THTK)
ထူးထူးနဲ့ မေမြတ်မိုကတော့ အိမ်ပြန်သွားကြပြီ... မေမြတ်မိုကလဲ ထူးထူး ဥက္ကာကို မကြိုက်တာမို့ ဆိုင်ထဲမှာပဲ နှုတ်ဆက်ခဲ့လိုက်သည်
ကျန်နေခဲ့တဲ့ သုံးယောက်ကတော့
"ငါတော့ ထူးထူးကို နားမလည်တော့ဘူး... ထူးထူးထက် မေမြတ်မိုကို ပိုလို့နားမလည်ပေးနိုင်တော့တာ"(Thiri)