"သီရိတို့နဲ့ ထားသခင်က ဘယ်လို ခင်သွားကြတာလဲ...state ကျောင်းလဲ မတူ Uni လဲ မတူပဲ"( MMM )
မေမြတ်မိုရဲ့ အမေးက ထူးထူးတို့ လေးယောက်လုံးကို ဆွံအသွားစေတယ်...
"သီရိတို့ သူငယ်ချင်းကနေတစ်ဆင့် သိသွားပြီး ခင်သွားကြတာ..."( Thiri )
"ဟုတ်လား... မောင်နဲ့ထားသခင်က သိပ်မရင်းနှီးသလိုပဲ....စကားလဲဝင်မပြောဘူး...ငြိမ်နေသလားလို့...နေမကောင်းဘူးလား"( MMM )
"ကောင်း ကောင်းပါတယ် မရဲ့..."(HH)
"မမေမြတ်မိုမိုက မောင့်ကိုမောင်တဲ့လား...သူတို့က ချစ်သူတွေလား.... ငါနဲ့မောင်က ဘာမှမဆိုင်တော့တာ.... သူတို့ဘာသာ ဘာဖြစ်ဖြစ် ငါသိစရာမလိုပါဘူးလေ"ဆိုပြီး သက်ထားသခင် စိတ်ထဲတွေးနေမိတယ်
ထူးထူးပုံစံကို ကြည့်ပြီး မြတ်တို့နှစ်ယောက်မှာလဲ စိတ်မကောင်းတောင်ဖြစ်သွားတယ်.... သက်ထားသခင်ကို ရုတ်တရက်တွေ့လိုက်ရတာ ဆိုတော့ ဖြစ်သွားတာမဆန်းပါ... ဒါပေမယ့် မေမြတ်မိုက ဘေးကပါနေတော့ သူတို့လဲ စကားကို ဆင်ခြင်ပြီးပြောနေရတယ်
"ညီမလေးတို့ အမတို့ကို ခွင့်ပြုဦး... မောင့်ကို ကြည့်ရတာ သိပ်နေမကောင်းသလိုမို့ ပြန်ပို့လိုက်ချင်လို့"(MMM)
မေမြတ်မိုလဲ ထူးထူးကို ကြည့်ရတာ
လင်းတ(လဒ) မှိုင်မှိုင်နေသလို ဖြစ်နေတာမို့ အခြားသူတွေကို နှုတ်ဆက်ကာ ပြန်လာခဲ့လိုက်သည်...."မောင်...နေမကောင်းဘူးလား...မကို ကားသော့ပေး... မ မောင်းပေးမယ်"(MMM)
ထူးထူးတစ်ယောက် ကားသော့ ဆိုခါမှ ဘောင်းဘီထဲ စမ်းမိတော့ ရှာမတွေ့.... ပြန်စဥ်းစားခါမှ...ရေခဲမုန့်ဆိုင်မှာ ကျန်နေခဲ့တာ
"မ ဒီမှာ ခဏလေးစောင့်နေပေး... ကားသော့ ပြန်ရှာလိုက်ဦးမယ်"(HH)
"စားပွဲပေါ်မှာ ကျန်ခဲ့တာနေမယ် မပဲ ပြန်သွားယူလိုက်မယ်... မောင့် ကြည့်ရတာ အဆင်မပြေဘူး ဒီမှာပဲ စောင့်နေလိုက်" (MMM)
မေမြတ်မိုထွက်သွားတော့ ထူးထူးကားပါကင်မှာပဲ ရပ်စောင့်နေလိုက်တယ်
"ထူးထူးမောင်ကို... နေကောင်းတယ်နော်... အမေနဲ့ ကိုကြီးရော နေကောင်းကြလား"(THTK)