ဝုန်းးးဆိုပြီးအသံကြီးနဲ့ ထွက်လာပြီး အရေးပေါ် Bell သံတွေထွက်လာတာကြောင့် မေမြတ်မို တစ်ယောက် ဘေးမှာရှိတဲ့ ထူးထူးကို ပြေးဖက်ထားမိတယ်........" မေ မကြောက်နဲ့ ထူးရှိတယ် "
" တစ်ခုခု ပေါက်သွားတာထင်တယ် မမ ကြောက်တယ်........ဟင့်....အင်းးးးးး"
"မေ သတိထားဦး မေ မေ ....."
" မမ ကြောက်တယ် ထူးရယ် အပြင်မြန်မြန်ထွက်ချင်ပြီ....."
"အင်း မေ မေ လမ်းလျှောက်နိုင်ရဲ့လား ခဏလေး ထိုင်နေလိုက် အပြင်ကို ဖုန်းဆက်ကြည့်လိုက်မယ် တစ်ခုခု သိရအောင်လို့ "
Safety ရုံးကိုဖုန်းဆက်လိုက်တဲ့ အချိန်မှာ B2 မှာရှိတဲ့ air blower က heat တက်ပြီး ပေါက်သွားတာ အခုတော့ အဆင်ပြေသွားတဲ့.....
"မေ အဆင်ပြေရဲ့လား မကြောက်နဲ့တော့နော် အပြင်ထွက်ကြမယ်"
မေ့မျက်နှာလေးကြည့်ရတာ ဝမ်းနည်းသွားမိတယ်...အပြင်ပန်းက မာကျောလှပေမယ့် အခုကျတော့ ကလေးငယ်လေးအတိုင်းကြောက်နေလိုက်တာများ
သူ့ကို ကြည့်ရတာ လမ်းတောင်လျှောက်နိုင်မယ့်ပုံမပေါ်တော့ ဇွတ်ကျောပိုးပြီး ထွက်လာခဲ့တယ် သူလဲ ကြောက်စိတ်နဲ့ဆိုတော့ ငြင်းမနေပဲလိုက်လာခဲ့တယ်
အပြင်ဘက်ရောက်တော့ ထူးထူးလဲ မောလာလို့ ခဏရပ်ကာ နားနေမိတယ်
"ထူးထူး ကျေးဇူးပါပဲ ......
မင်းတစ်ယောက်ထဲလွှတ်လိုက်မိရင် အမပိုပြီး စိတ်ပူနေရမှာ အခုလိုက်လာတော့လဲ ဒုက္ခပေးမိပြန်ပြီ""ရပါတယ် အမရယ် အခုတော့ site ဆေးခန်းသွားရအောင် ....လမ်းလျှောက်နိုင်ပါ့မလား"
"အမ လျှောက်နိုင်ပါတယ် ထူးထူးတော်တော်အားရှိတာပဲ အပေါ်ထိ ကုန်းပိုးလာနိုင်တာ"
ဆေးခန်းကိုရောက်တော့ ဆရာဝန်မလေးက မေမြတ်မိုကို သွေးပေါင်ချိန် ဘာညာလုပ်ပေးပြီး ဆေးလေးတိုက်တယ် ခဏနားဖို့ လိုအပ်တာကြောင့် အဆောင်ဘက်ကို ထွက်လာခဲ့တယ်
"အမ ဒီမှာခဏနားနေခဲ့လိုက်ပါ ထူး အလုပ်တွေရှိသေးလို့ site ခဏပြန်လိုက်ဦးမယ်"