"လွယ်လွယ်ကူကူလုပ်ရတာထက်
ခက်ခက်ခဲခဲ ကြိုးစားပြီး ရလာတဲ့ အရာကို ပိုပြီး တန်ဖိုးထားတတ်ကြတာ လူ့သဘာဝပဲလေ"
Author Leo 😆~~~~~~~~~~~~~~~~~~~~~~~~~~
ချစ်ရသူဆီက ရလိုက်တဲ့အဖြေက ပြတ်သားလွန်းလိုက်တာနော်...
အားကုန်သုံးပြီး ဒေါသစိတ်နဲ့ ရိုက်မိတာဆိုတော့ မူးနေတဲ့ စိတ်တောင်ပျောက်သွားတယ်......
ရှက်နေမိသလို နာလဲနာကျည်းမိတယ်
"အမ ထူးပြန်လိုက်ပို့ပေးပါ့မယ်"
ငါမှားသွားပြီလား ငါလိုချင်တာ ဒီလိုမျိုးမဟုတ်သေးဘူးလေ
အရက်သောက်ပြီး လူစိတ်ပျောက်မှ
ငါ့ကို လာဖွင့်ပြောတာကြီးက အဆင်ပြေမနေပါဘူးDinner လုပ်တဲ့ Hotel နဲ့ သိပ်မဝေးသေးတာမို့ မိနစ်ပိုင်းနဲ့ ပြန်ရောက်လာတယ်
ထူးထူးကိုကြည့်တော့ မျက်လုံးထဲမှာ မျက်ရည်တွေစို့လို့ ပါးပြင်မှာလဲ လက်ငါးချောင်းရာကြီးက အထင်းသား
မေမြတ်မို ကတော့ ထူးထူးကို လှည့်မကြည့် ရောက်တာနဲ့ တစ်ခါထဲ ကားပေါ်ကဆင်းလိုက်တယ်
"ထူး ဘယ်ရောက်သွားတာလဲလို့ နန်းမှာလိုက်ရှာနေရတာ"
"ဒီနားလေး ခဏပါ နန်း"
"ထူး ပါးက လက်ရာကြီးက ဘာဖြစ်တာလဲ နီးရဲနေတာပဲ"
" ထူးပြန်ချင်ပြီနန်း ပြန်ကြရအောင်"
ဒေါ်မေမြတ်မို သူလက်လွန်သွားတာ
သိပေမယ့် သူလိုချင်တဲ့အခြေအနေမျိုး မဟုတ်တာကြောင့် လုပ်မိလုပ်ရာ လုပ်လိုက်ခြင်း......နန်းက ညဘက် မှာတောင် ထူးထူး ပါးပေါ်က လက်ရာကို မြင်မိတယ်တဲ့လား
ငါမှားပြီလား.......ဟာ ငါမမှားဘူး.....
သူ့ဘက်ကမှားတာပဲ.....ငါ မလွန်ပါဘူး
နန်းက အခန်းကိုပြန်မှာပဲ ဆိုတော့ လမ်းတူတာမို့ ရဲရင့်ကို အကူအညီတောင်းကာ ပြန်ခဲ့လိုက်တယ်
သူချစ်ရပါတဲ့ ထူးကို ကားနောက်ခန်းကို ခေါ်ကာ သူ့ပခုံးပေါ်မှီ၍ လိုက်စေခဲ့သည်