Senior Ma Ma : Part 12 Uni + ZG

6.7K 376 15
                                    

"တူတူအိပ်မယ်လေကွာ..."

မေမြတ်မိုတစ်ယောက် ထူးထူးကို သူ့ဘေး အိပ်ဖို့ပြောလိုက်သည်

"ရတယ် မ ထူးကုတင်က ကျဥ်းတော့ နှစ်ယောက်အိပ်ဖို့ အဆင်မပြေဘူး... ထူးဘာသာ အောက်မှာပဲ အိပ်ပါ့မယ်"

မေမြတ်မို သေချာကြည့်ကြည့်မှ
ကုတင်က အတော်လေးသေးတဲ့
တစ်ယောက်အိပ်ကုတင်လေး...နှစ်ယောက် အိပ်မယ်ဆိုရင်လဲ ဖတ်ထားမှပဲ အိပ်လို့ရမှာ....( ဖက်အိပ်ကြပေါ့ 😁 )

ထူးထူး မီးလေးမှိတ် ညမီးလေးထွန်းထားလိုက်သည်....

"မ...မလဲ ခရီးကပင်ပန်းလာတာ နားလိုက်တော့လေ"

"အင်း ထူး "

မေမြတ်မိုလဲ အိပ်ယာပေါ်တတ်ရင်း မအိပ်ခင်လေး facebook သုံးရန် ဖုန်းလေးထုတ်လိုက်သည်...

Fb app လေးထဲဝင်မိမှ ထူးထူးကို friend add ရန် သတိရကာ...

"ထူး....အော် ကန်တော့"

ထူးထူးတစ်ယောက်က ဘုရားစင်ရှေ့လေးမှာ ဘုရားရှိခိုးလို့....

အငယ်က ဘုရားတွေဘာတွေ ရှိခိုးလို့ ငါက လိုင်းထသုံးနေတာ  မလိမ်မာတဲ့ လူမိုက်ကြီးဖြစ်သွားသလား ဆိုပြီး
မေမြတ်မို သူ့ဘာသာ တွေးပြီး ရယ်နေမိသည်

fb acc မေးရန် ခေါ်လိုက်သော်လဲ ဘုရားရှိခိုးနေတာကြောင့် မေမြတ်မို
ကိုယ့်ဘာသာရှာနေလိုက်သည်

"Htoo Htoo " ဆိုပြီး ရှာနေသော်လည်း ရှာမတွေ့သေး

ကိုယ့်ရည်းစား acc ကိုတောင် ရည်းစားဖြစ်ပြီးမှ မေးရမယ့်အဖြစ်

"မ...ထူးကိုခေါ်သေးတယ်လားလို့
ဘာလိုအပ်လို့လဲ..."

"ထူး fb သုံးလား acc ရှာနေတာ မတွေ့လို့"

"သိပ်တော့မသုံးဖြစ်ဘူး ရှိပါတယ် မ acc ပြောလေ ထူး add လိုက်ပေးမယ်"

"May Myat Mo Mo"

"တွေ့ပြီ မ add လို့မရဘူး..follower ပဲ ဖွင့်ထားတယ်"

"ထူး acc ပြော မဘက်က  add လိုက်မယ်"

"Htoo Htoo Maung Co"

Add တာတွေ လက်ခံတာတွေ လုပ်ပြီးတဲ့နောက် သူ့ wall ကိုယ့် wall အပြန်အလှန် ဝင်ကြည့်နေကြသည်

စီနီယာမမ (Completed) UNI +ZGWhere stories live. Discover now