Senior Ma Ma Part 3

7.3K 411 2
                                    

      

           စက်ရုံတစ်ခုရဲ့ Design ပိုင်းဆိုတော့ အများကြီး စိတ်ရှုပ်စရာ မပါပေမယ့် အလုပ်ရှင်က အနုပညာဘက် အားသာတော့ သူ့စက်ရုံကို အလှဆင်ဖို့ မြန်မာနိုင်ငံထဲက အကောင်းဆုံး design and decoration company တွေထဲက ဒီcompany ကို ငှားထားခြင်းသာ.....
          
       အခက်အခဲက Designer နဲ့ ပြောရတာပဲ..... civil နဲ့ archi ဆိုတော့ အမြင်ချင်းမတူတော့ သူပြောသမျှကို ကိုယ်ကကန့်လန့်တိုက်နေမိသလို ဖြစ်ဖြစ်သွားတယ်။ ကိုယ့်သူငယ်ချင်းက ကြားထဲကနေ လိုက်ရှင်းနေလို့ ထမသတ်ကြာတာ။

                နောက်ဆုံး site engineer ဆိုတာ designer အလိုကျ သူ approve ပေးသမျှ လိုက်လုပ်ပေးရမှာ မှန်ပေမယ့် ကျွန်တော့စိတ်ထဲမှာ ထို designer ကို ခနဲ့ချင် ဆန့်ကျင့်ချင်နေမှန်း ကိုယ်ကိုတိုင်လဲ မသိခဲ့ဘူး။

At Lunch Time.....

Myat : Htoo Htoo ငါတို့ အပြင်မှာ ထမင်းသွားစားမလို့ မင်းလိုက်ခဲ့ပါ့လား.... Ma Mo ကျွန်တော့ သူငယ်ချင်းခေါ်ခဲ့လိုက်မယ်နော် ဒီနားကဆိုင်တွေနဲ့လဲ မရင်းနှီးသေးလို့

MMM : အမက ရပါတယ် Myat

Htoo: မြတ်ကြီး ငါကမအားလောက်သေးဘူး concrete casting လေးရှိလို့ မနေ့က order တင်ထားတာ အခု ကားလာနေပြီတဲ့ .... ဆိုင်ကတော့ ဂိတ်ကနေ အထွက် ညာဘက်ချိုးရင် တွေ့ရတဲ့ဆိုင် မဆိုးဘူး။

Myat : အေးပါကွာ မင်းလဲ ထမင်းစားနောက်မကျစေနဲ့ အပြန် ဘာဝယ်လာပေးရဦးမလဲ

Htoo : ရတယ် မဝယ်ခဲ့နဲ့.... နောက်နေ့တော့ မင်းတို့ ထမင်းကို canteen ကစားစား ထမင်းချိုင့်ပဲ ယူလာလာ တခုခု လုပ်မှထင်တယ်.... covid 19 နဲ့မို့ မနက်ဖြန်ကစ အဝင်အထွက်ကန့်သတ်မယ်တဲ့ ငါတောင် ရန်ကုန်ကို နေ့တိုင်းပြန်ဖို့ မလွယ်တော့ဘူး

Myat : အေးအေး ဒါဆို ငါတို့ သွားပြီ

မြတ်တို့ ထမင်းဆိုင်ရောက်တဲ့အခါ....

"Myat ရေ မင်းသူငယ်ချင်းက မကို တစ်ခုခု မကျေနပ်နေသလားပဲ စကားပြောရတာ အဆင်မပြေလိုက်တာ"

"မဟုတ်ပါဘူး မမိုရယ် ထူးကသဘောကောင်းပါတယ် သူအခုတစ်လော ပင်ပန်းနေလို့နေမှာပါ ကျွန်တော် ကြားထဲကတောင်းပန်ပါတယ် မမို"

စီနီယာမမ (Completed) UNI +ZGWhere stories live. Discover now