Part-4(Uni)

36.1K 3.1K 110
                                    

"မေမေ...မငယ်ရော...
ကျောင်းသွားပြ်ီလား...
သားတောင်မသွားရသေးတာကို.."

မနက်စာထမင်းဝိုင်းမှာ..မကြီးရောမလတ်ရောရှိနေပြီး..မငယ်မရှိသောကြောင့် မေမေ့ကိုမေးလိုက်ခြင်းဖြစ်သည်..။

"မငယ်ကို မောင်နေမင်းလာခေါ်သွားတယ်လေ..ဘာရှိလို့ဆိုလားပဲ..."

"ဗျာ...မေမေတို့က ဘာလို့ထည့်ပေးလိုက်တာလဲ?..."

"ဟဲ့...ဘာဖြစ်လို့လဲ?..သူတို့ဘာသာအဆင်ပြေလို့ အတူတူသွားတာလေ...
မင်းနဲ့ဘာဆိုင်တုန်း..."

"ဟွန်း....မေမေတို့မသိဘူးနော်.."

"သိသိမသိသိ..သူတို့အဆင်ပြေလို့ ကြိုက်ကြတော့လည်း ပေးစားလိုက်ရုံပေါ့..."

"မေမေ!...အခု မေမေ့ပုံစံက ကိုယ့်သမီးကို သူများလက်ထဲအတင်းထိုးပေးနေသလို ပုံစံမျိုးဖြစ်နေတယ်.."

"ဒေါက်!..
မင်းကိစ္စမဟုတ်ဘူး...မင်းဝင်မပါနဲ့...
ကလေးက ကလေးလိုမနေဘူး..."

"မေမေ...ငယ်လေးခေါင်းကိုမခေါက်ပါနဲ့...
သမီးတို့ မေမေပြောသမျှ လုပ်သမျှကို..ဘာမှမပြောခဲ့ဘူး...ငယ်လေးကိုတော့ အသားနာအောင်မလုပ်ပါနဲ့.." ဆိုပြီး မကြီးက ဝင်ပြောလာတယ်..

"ဟုတ်တယ်..မေမေ...
ငယ်လေးကို ခေါင်းမခေါက်ပါနဲ့...
ကလေးဦးနှောက်တစ်ခုခုဖြစ်ပါဦးမယ်.." ဆိုပြီး မငယ်ကပါ ဝင်ပြောလာတယ်...

"ကိုဖုန်းမြင့်...ရှင်ကြားရဲ့လား...
ရှင့်သမီးတွေပြောနေတာကို..
ရှင်ဘာမှဝင်မပြောတော့ဘူးလား.."

"မိန်းမရယ်...သမီးတွေပြောတာလည်း ဟုတ်နေတာပဲ...
သားငယ်ကိုခေါင်းခေါက်တာတော့ ကိုယ်လည်းမကြိုက်ဘူး.."

"အေး....ကောင်းတယ်...
အကုန် ကျွန်မအမှားပဲ.."

"မိန်းမရယ်..ကိုယ်က အဲ့လိုပြောတာမဟုတ်ပါဘူး.."

"တော်ပြီဗျာ...မနက်စာလည်း စားလို့ဝင်မှာမဟုတ်တော့ဘူး...
မုန့်ဖိုးပေး...ကျောင်းရောက်မှ ဝယ်စားတော့မယ်...
ဖေဖေ့ သားကိုမုန့်ဖိုပေး...ဒီမနက် မေမေ့ကိုစိတ်ကောက်တယ်..မေမေ့ဆီက မယူဘူး..
ဖေဖေ ပေး.."

"အောင်မယ်..."

"ကဲပါ..မိန်းမရယ်...ပြောမနေပါနဲ့တော့..
သားငယ် ဖေဖေ့အင်္ကျီအိတ်ကပ်ထဲမှာ ပိုက်ဆံရှိတယ်...သားယူချင်သလောက်ယူသွား.."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now