Part-20(Uni)

27.7K 2.1K 67
                                    

      သူရဖုန်းမြင့်တင်လိုက်တဲ့ နေမင်းဧကရာဇ်ရဲ့facebook accountက postတစ်ခုဟာ..ခဏလေးအတွင်းမှာ like and shareတွေ များသွားတယ်..။ commentsတွေမှာလည်း..နေမင်းဧကရာဇ် sold out သွားလို့ ဝမ်းနည်းတယ်လို့ရေးတဲ့သူကရေး..နှမြောတယ်ကိုကြီးရေ လို့ ရေးတဲ့သူက ရေးလာကြတယ်..။

accountပိုင်ရှင်နေမင်းဧကရာဇ်ကတော့..သူတင်ထားတာမဟုတ်လို့ပဲလား..နဂိုကတည်းက ဒီလိုကိစ္စတွေကို စိတ်ထဲမထားတတ်လို့ပဲလားတော့မသိဘူး ဘာမှဝင်မရေးဘူး..။ ဒါပေမဲ့..သူ့ငယ်သူငယ်ချင်းတွေရဲ့ မန့်တွေလောက်ပဲ replyပြန်ပေးဖြစ်တယ်..။

သူ့ငယ်သူငယ်ချင်းတွေကတော့..ဒီလောက်ဇီဇာကြောင်ပြီး ဘယ်သူ့ကိုမှအရောတဝင်မနေတတ်တဲ့ နေမင်းဧကရာဇ်က sold out သွားပြီဆိုတော့..အံ့သြတဲ့သူတွေက အံ့သြကြပြီး messengerကနေ လာလာမေးကြတယ်..။ လာမေးကြတဲ့သူတွေကိုလည်း ဖြေရှင်းပေးရသေးတယ်..။

အများစုကတော့ congrats လုပ်ပေးတဲ့သူတွေများတာမို့လို့..စိတ်ထဲတော့ ကျေနပ်သလိုလေ ဖြစ်မိပါတယ်..။ postကိုတင်လိုက်တဲ့သူရဖုန်းမြင့်ကတော့ သူမလုပ်ခဲ့သည့်အလား..အစားအသောက်မပျက်..အရင်ကထက် ပိုပြီးပျော်ရွှင်နေသည်ကိုတော့ နေမင်းဧကရာဇ်သတိထားမိပါတယ်..။

ဘာပဲဖြစ်ဖြစ်..သူ့ကကျေနပ်သည်မို့ နေမင်းဧကရာဇ်ကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာတစ်ခုမှမဟဘူး..။ သူရဖုန်းမြင့်စိတ်ချမ်းသာရင်ကို နေမင်းဧကရာဇ်ကလည်း စိတ်ချမ်းသာနေတာပါ..။

"သူရဖုန်းမြင့်တို့ကတော့ ပိုင်တယ်ကွာ..."

"အဟက်...ငါပဲလေ...
အခုဆို ဦးကိုဘယ်သူ့မှ စိတ်နဲ့တောင်ပြစ်မှားတော့မှာမဟုတ်ဘူး..."

"ဟားဟား...
ဒါပေမဲ့..သူတို့က ဦးနေမင်းဧကရာဇ်ရဲ့postထဲက ကောင်လေးက..မင်းလို့ ငါကလွဲပြီးဘယ်သူမှသိမှာမဟုတ်ဘူးလေ...
ပြီးတော့..ဦးနေမင်းဧကရာဇ်ဘေးက ပုံထဲကလူက ယောက်ျားလေးလို့လည်း သိမယ့်ပုံမပေါ်ဘူးထင်တယ်..."

ဝေလင်းရဲ့စကားကိုလည်းကြားရော..သူရဖုန်းမြင့်က ခေါင်းကိုကုတ်လိုက်ပြီး..တစ်ခုခုကိုစဉ်းစားနေပါတယ်..။

ဘေးကကြည့်နေတဲ့ဝေလင်းကတော့..သူရဖုန်းမြင့်ဖြစ်နေတာကိုကြည့်ပြီး ရယ်ချင်စိတ်မနည်းထိန်းထားရပါတယ်..။

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now