Part-11(Uni)

30.8K 2.6K 23
                                    

"ခလွမ်း.." ဆိုတဲ့အသံနဲ့အတူ ကျသွားတဲ့ ဖန်ခွက်ကိုသာ ငုံ့ကြည့်နေမိတယ်..

"ဟဲ့...သား...နေမင်း...
ဘယ်လိုဖြစ်လို့ သတိလက်လွတ်ဖြစ်နေတာလဲ?..
ဖန်ခွက်တောင် ကွဲကျသွားပြီ...
မအေးရေ...ဒီမှာ ဖန်ကွဲစတွေကိုရှင်းပေးပါဦး..." ဆိုတဲ့ မေမေ့ရဲ့အသံနဲ့အတူ အခုမှသတ်ိပြန်ဝင်လာတယ်..။

"ဟီးဟီး...ကျွန်တော် အတွေးလွန်နေလို့...ဟီးဟီး..."

ကလေးနဲ့..ကျန်သေးတဲ့ရက်ပေါင်း၁၃ရက်တောင်မတွေ့ရတော့မှာကိုတွေးရင်း..ထမင်းစားနေတာတောင် စိတ်လွတ်ပြီး ဖန်ခွက်တောင်ကျကွဲမိသည်အထိပင်..။

"မင်းမလည်းနော်...
ဘယ်ကောင်မလေးဆီ စိတ်ရောက်နေတာလဲ?.."

"ကျွန်တော် ကောင်မလေးတွေနဲ့တွဲသွားတွဲလားလုပ်တာ မြင်ဖူးလို့လားမေမေရယ်..."

"မမြင်ဖူးပါဘူးတော်...
မင်းလို ဇီဇာဧကရာဇ်ကို ဘယ်ကောင်မလေးမှလည်း ကြိုက်မယ်လို့မထင်ပါဘူးတော်..."

"အိုဟို...မေမေ အဲ့လိုမပြောနဲ့နော်...
သားကျောင်းတက်တုန်းက ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်ခဲ့တာနော်...
ကျွန်တော်ကသာ ma ma's boy လုပ်ပြီး တစ်ယောက်မှမထားခဲ့တာနော်...
မေမေအသိဆုံးပါဗျာ..."

"ဟုတ်ပါတယ်...ဟုတ်ပါတယ်...
အဲ့လို ဇီဇာကြောင်ပြီး တစ်ယောက်မှမထားခဲ့လို့...အခု မအေကရှာပေးနေရတာပေါ့..."

"မေမေကလည်းဗျာ...
မေမေ အခုရှာပေးနေတာကို..ကျွန်တော်တစ်ယောက်မှမကြိုက်ဘူးနော်..
မေမေ့ကို ကြိုပြောထားပြီးသား...
ကျွန်တော် သူတို့ကို ကိုယ့်အစ်မတွေလိုပဲသဘောထားထားတာ...
ကျွန်တော့်မှာ ကျွန်တော်ချစ်တဲ့သူရှိတယ်..."

ဟုတ်တယ်လေ...ကလေးရဲ့အစ်မတွေကို အစ်မတွေလို့သဘောမထားလို့ ဘယ်လိုသဘောထားရမှာလဲ မေမေရယ်...

"ဟင်...မင်းမှာ ချစ်ရမယ့်သူ ရှိနေပြီလား.."

"ဟုတ်...မေမေ..."

"ဘယ်သူလဲ?..မေမေ့ကိုပြောပြပါဦး..."

"မေမေတို့ရှေ့ကို တစ်နေ့ခေါ်လာမှာပါ...
ဟို...အဖြေမပေးရသေးလို့...ဟီးဟီး.."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now