Part-36(Uni)

21.7K 1.6K 37
                                    

"ဦး...မပြီးသေးဘူးလား...
ပြင်နေတာအတော်ကြာပြီနော်..."

"ပြီးပါပြီ ကလေးရယ်...ခဏလေးပဲ..."

"ဘာတွေအဲ့လောက်တောင်ပြင်နေတာလဲ?...
ဘွဲ့ယူရမှာ သားနော်..."

"ဟုတ်ပါတယ်ဗျာ...ဘွဲ့ယူရမှာ ကလေးပါ...
တစ်နည်းအားဖြင့် ဦးရဲ့ယောက်ျားလေးလေ..."

"ပြောတတ်တယ်...
ပြီးပြီလား..သွားကြမယ်...
အမေတို့စောင့်နေတယ်..."

"အင်းအင်း...သွားကြမယ်.."

ဒီနေ့က သူရဖုန်းမြင့်ရဲ့ဘွဲ့ယူဖြစ်တာကြောင့်..ဟိုဘက်မိဘတွေရော ဒီဘက်မိဘတွေရောပါ ပြင်ဆင်ပြီး ဘွဲ့ယူသွားကြမယ်ဖြစ်သည်..။

"ကလေး ဘာမှမကြောက်နဲ့နော်...
ရဲရဲတင်းတင်းသာလျှောက် သိလား..."

"ဟုတ်..."

"ပြီးတော့ ဗိုက်ကလည်း အဲ့လောက်မပေါ်ပါဘူး..ဘာမှစိုးရိမ်မနေနဲ့...
ကလေးကိုဘယ်သူ့မှ ဘာမှမပြောဘူး သိလား..."

"ဟုတ်.."

"ပြီးတော့လေ..."

"နေမင်းရေ...မှာလို့မပြီးသေးဘူးလား...
ရောက်ပဲရောက်တော့မယ်.."

"အမေပဲပြောပါတော့...
ဦးကလေ..အိမ်မှာထဲက မှာလာတာ..
ကျောင်းတောင်ရောက်တော့မယ်ဟာကို..."

"ဟုတ်ပါ့ကွယ်..နေမင်းရယ် အဲ့လောက်လည်းစိတ်ပူမနေပါနဲ့..သားငယ်လေးလည်း သိမှာပါ.."

"ဟုတ်ကဲ့ပါ..မေမေ..." ဆိုပြီး ကလေးရဲ့လည်ကတုံးအင်္ကျီကိုကြယ်စေ့တပ်ပေးနေရင်း မေမေ့ကို ပြန်ဖြေလိုက်သည်..။

ကျောင်းရောက်တော့လည်း..ကလေးရဲ့မိဘတွေနဲ့တွေ့ကာ..ကလေးက မနက်ပိုင်းယူရမည်ဖြစ်တာကြောင့် ဘွဲ့နှင်းသဘင်ခန်းမထဲကို ရောက်ရောက်ချင်းဝင်လိုက်ကြသည်..။ ဘွဲ့မယူခင်မှာလည်း မှာနေကျအတိုင်း..စိတ်မလှုပ်ဖို့ကိုသာ တတွတ်တွတ်မှာနေရသည်..။

..............................

"ဟူး.....တော်သေးတာပေါ့ ဦးရာ...
သားမှာ ရင်တုန်တုန်နဲ့လျှောက်သွားရတာ...
တော်သေးတယ် မချော်လဲလို့...ဟီးဟီး...."

"အဟက်...ဦးလည်းအတူတူပါပဲ...
ကလေး ချော်မလဲပါစေနဲ့လို့ဆုတောင်းပြီးကြည့်နေရတာ..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now