Part-15(Uni)

28.1K 2.3K 56
                                    

"ကလေး လွမ်းနေမယ်နော်..."

"အပိုတွေ..အခုလေးတင် တွေ့ပြီးပြန်လာတာလေ..."

"မသိဘူးကွာ မသိဘူး...
ကလေးမတွေ့ရတဲ့အချိန်က ကိုယ့်အတွက်လွမ်းစရာပဲ..."

"ပြောလို့ပြီးပြီလား...ပြီးရင်လည်း သွားတော့မယ်လေ...မှောင်နေပြီ..."

ကားကို အိမ်ရှေ့နားမှာရပ်ထားပြီး..အိမ်ထဲဝင်ဖို့ကို မဝင်စေ့ဘဲ ကျွန်တော့်ကိုဖက်ထားတဲ့ ဦး..
အိမ်ကိုလိုက်ပို့ပေးတဲ့နေ့တိုင်း ဒီလိုအမြဲလုပ်နေကျ...

"နေပါဦး...ဘာလို့လောနေတာလဲ?...
အိမ်ပဲ ဘယ်ချိန်ချိန်ဝင်ဝင် ဝင်လို့ရနေတာပဲကို...
ကိုယ်က သန္ဘက်ခါဆို ဦးဇင်းဝတ်ရတော့မယ်..
မနက်ဖြန်ကျရင်လည်း မေမေတို့ကိုဝိုင်းကူရမှာနဲ့တွေ့ရမှာမဟုတ်တော့ဘူး...ဟူး.........."

"ဦးကလည်း...ဖုန်းဆက်လိုက်ပေါ့..."

"ဖုန်းဆက်တာက အသံပဲကြားရတာ...
ရုပ်မှမမြင်ရတာကို..."

"အဲ့တာဆို...vedio call ခေါ်လေ.."

"ဟင့်အင်း...ကိုယ်က ဖက်ထားချင်တာ..."

"ဦး!...အိမ်ထဲဝင်ခါနီးတိုင်း တစ်ခုမဟုတ်တစ်ခုနဲ့ အချိန်ုကြာအောင်လုပ်တယ်...
ချွဲတယ်လို့ပြောရအောင်လည်း ဦးက သားထက်အကြီး...ဟူး........"

"ဒါကတော့..ကိုယ်ကပိုချစ်တာကို..."

"ဦး အဲ့လိုမပြောနဲ့နော်...
သားက ပိုချစ်တာ..."

"အဟက်...ဟုတ်ပါပြီ...
ကလေးက ဦးကိုပိုချစ်တာ..."

"အင်း..."

"ကလေး...ဦးတို့လက်ထပ်ကြမလား..."

ချက်ချင်းကြီး လက်ထပ်ကြမလားဆိုပြီး ထပြောလာတဲ့ဦးကြောင့်..ကျွန်တော်အလန့်တကြား ဖြစ်မိတယ်..

"ဟမ်....."

"ဘာလို့အဲ့လောက်တောင်လန့်နေရတာလဲ?...
ဘာလဲ?..ကလေးက ဦးကိုလက်ထပ်ဖို့ထိမရည်ရွယ်ထားဘူးလား...
ဦးကို အပျော်ကြံတာလား..."

"မဟုတ်ပါဘူး...ချက်ချင်းကြီးလက်ထပ်မယ်ဆိုတော့ မထင်ထားလို့...
ပြီးတော့..သားက ငယ်သေးတယ်လေ..."

"အဲ့လိုငယ်သေးတာကြောင့်ပေါ့လို့...
ဦးစိတ်မချဘူး...
ကလေးက ငယ်သေးပေမဲ့..ဦးကတဖြည်းဖြည်းအသက်ကြီးလာမှာလေ..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now