Part-5

22.8K 1.3K 42
                                    

"ဒေါက်!..ဒေါက်!.."

"သူရဖုန်းမြင့်...မထသေးဘူးလား...
မင်းပြောတော့ မေမေတို့နဲ့လိုက်မလို့ဆို..."

"၅မိနစ်လောက် ထပ်အိပ်ဦးမယ်.."

"မရဘူး...အခုထတော့...
မထရင် မေမေတို့မစောင့်တော့ဘူး..."

"ထပြီ...ထပြီ...
ရေချိုးပြီး ဆင်းလာခဲ့မယ်..."

"မြန်မြန်လာနော်...မဟုတ်ရင် သွားပြီ.."

"ဟုတ်...ဝါး....."

မထလို့လည်းမရတော့ဘူး...မေမေက နောက်ကျရင်မစောင့်ဘူးဆိုတဲ့စကားကြောင့် မထချင်ပဲထရတော့မယ်..။
ဒီနေ့ မေမေတို့က အန်တီသူဇာတို့အိမ်ကို..ထမင်းစားသွားမလို့တဲ့...
ထမင်းစားတာများ ကိုယ့်အိမ်မှာစားလည်းရတာကို..သူများအိမ်မှာများ တကူးတကသွားစားရတယ်လို့...ဟွန်း....

ကျွန်တော်က လိုက်ချင်လွန်းလို့မဟုတ်ပေါင်...
မေမေတို့က သူများအိမ်သွားမှာဆိုတော့..အိမ်မှာ ဘာမှချက်မှာမဟုတ်တာကြောင့် ကျွန်တော်ပဲငတ်မှာ...
သူများအိမ်မှာသွားစားမှာဆိုတော့..ကောင်းကောင်းမွန်မွန်ချက်ကျွေးမှာပဲ..ဒီအခွင့်အရေးကိုလက်လွှတ်ခံစရာလား...

နောက်တစ်ခုအနေနဲ့..ဟိုလူကြီးရဲ့အိမ်က ဘယ်လောက်ကြီးလည်းဆိုတာ သိချင်တာလည်းပါတယ်..။ မငယ်လည်းပါမှာဆိုတော့..ကျွန်တော်မလိုက်လို့မရတော့ဘူး..။ မကြီးကတော့ အိမ်စောင့်ပေါ့..။ ဘာပဲဖြစ်ဖြစ်...အဓိကကတော့ ဟိုလူကြီးနဲ့မငယ် မနီးစပ်ဖို့ပဲ..။

ရေမိုးချိုးပြီးတော့..မကြီးသွေးပြီးထည့်ပေးထားတဲ့ ဘူးထဲက သနပ်ခါးကိုယူလိုက်ကာလိမ်းလိုက်ပြီး...အဝတ်အစားလဲကာ အောက်ကိုဆင်းလာခဲ့လိုက်တယ်..။

အိမ်အောက်ရောက်တော့....

"မင်းဒီပုံစံနဲ့ သူများအိမ်လိုက်မလို့လား..."

"ဟုတ်တယ်လေ...ဘာဖြစ်လို့လဲ မေမေရဲ့...
သားအရမ်းချောနေလို့လား..."

"ဟဲ့...မင်းဝတ်စားထားကိုမင်းပြန်ကြည့်ဦး...
သူများအိမ်သွားမယ်ဟာကို ရှပ်အင်္ကျီနဲ့ဘောင်းဘီတိုဝတ်စရာလား..."

"ဘာဖြစ်လို့လဲ?...ပူကပူနဲ့..
လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးပုံစံဝတ်လာတာလေ...
ပူတဲ့အချိန်ဆို ဒီလိုstyleမျိုးဝတ်ရတယ်လေ မေမေရဲ့...
အေးလေ..မေမေက လူကြီးဆိုတော့ fashionအမြင်ဘယ်ရှိပါ့မလဲ?..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now