Part-31(Uni)

23.5K 1.7K 64
                                    

"အင်...အင်း...ဟင်း...ဟင်း..."

နေမင်းဧကရာဇ်တစ်ယောက်အိပ်နေရင်း..ဘေးကနေ ညည်းသံလိုလိုကြားရတာမို့..မျက်လုံးကိုဖွင့်ကြည့်လိုက်တော့..ချွေးတွေပြန်ကာ မျက်လုံးမှိတ်ပြီး ညည်းနေတဲ့ကလေးကြောင့် ကျွန်တော့်မျက်လုံးတွေပြူးကျယ်သွားပြီး အိပ်ချင်စိတ်တောင်ပျောက်သွားတယ်..။

"ကလေး...ဘာဖြစ်တာလဲ?..."

"ဟင်း...ဟင်း..."

"ကလေး ဘာဖြစ်နေတာလဲ?...
ကလေး အဆင်ပြေရဲ့လား..."

"ဦး...နာတယ်...တစ်ကိုယ်လုံးနာတယ်...
အဟင့်...အီး...ဟင့် ဟင့်...ရွှတ်..."

ချွေးတွေပြန်ပြီး ငိုနေတဲ့ကလေးကြောင့်..ကျွန်တော့်မှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်ကာ..ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိ ဖြစ်နေသည်..။ ကိုယ်ပူလည်းစမ်းလိုက်ရော..ပူကျစ်နေတာကြောင့် ရေသဘက်လဲပေးမယ်လို့ ဆုံးဖြစ်လိုက်တယ်..။

"ခဏလေးနေဦးနော်...
ဦး ရေဇလုံသွားယူလိုက်ဦးမယ်နော်..."

"အဟင့်...အဟင့်...နာတယ်...ရွှတ်..."

"အင်းအင်း...ခဏလေးနော်..."

ကလေးကိုထားခဲ့ပြီး ရေသဘက်ယူဖို့အိမ်ထဲကိုဝင်လာလိုက်တယ်..။ မေမေ့ကိုလည်း နှိုးပြီးကလေးကိုကြည့်ကြည့်ခိုင်းမယ်လို့တွေးပြီး..မေမေ့ကိုပါ တခါတည်းဝင်နှိုးလိုက်တယ်..။

"ဒေါက်!..ဒေါက်!...
မေမေ!..မေမေ့..."

"ချလောက်!.."

"နေမင်း ဘာကိစ္စရှိလို့လဲ?...
၄နာရီပဲရှိသေးတာကို..."

"မေမေ...ကလေး နေမကောင်းဖြစ်နေလို့...
လုပ်ပါဦး မေမေရယ်..."

"ဟမ်...သားငယ်က ဘယ်လို့ဖြစ်ရတာလဲကွယ်..."

"အခန်းထဲရောက်မှပဲ မေးပါ မေမေရယ်...
အခုခဏလောက် ကျွန်တော်နဲ့လိုက်ခဲ့ပေးပါ..."

"အေးအေး...သွားမယ်လေ..."

မေမေနဲ့အတူအခန်းဆီကိုလျှောက်လာလိုက်ပြီး..အခန်းထဲရောက်တော့ မေမေက ကလေးရဲ့နဖူးကိုလက်နဲ့စမ်းကြည့်နေတယ်..။

"ကိုယ်တွေပူကျစ်နေတာပဲ...
ဘယ်လိုဖြစ်ရတာလဲ?..နေမင်းရယ်..."

ဦးရဲ့သည်းငယ်လေး (Completed)Where stories live. Discover now