1

1.2K 61 11
                                    

ယုံကြည်ချက်တွေကို လိမ်လည်လှည့်ဖြားခြင်းခံရပါများလာတဲ့အခါ ဒါအစစ်အမှန်တွေပါလို့ချပြလာလည်း မယုံကြည်ရဲတော့တာက လူ့သဘာဝပဲမဟုတ်လား...

ဒါပေမယ့်ဂျုန်းကတော့...

.
.
::::::::::::::::::::::::::::::::::::::::::::::::::::::::

''ကိုကို...''

လေသံဖျော့ဖျော့လေးဖြင့် ပဲ့တင်ရိုက်ခတ်လာရင်း ကြားနေရခြင်းဖြစ်သည်။
ငိုရှိုင့်သံတစ်ချို့လည်းကပ်ငြိနေသေးပြီး ဖြစ်ရပ်တွေသည်ဝိုးတိုးဝါးတားနှင့် သိပ်တော့မသဲကွဲနေ၏ ။

'မလုပ်ပါနဲ့' ဟုသာရေရွတ်မိနေတဲ့ နှုတ်ခမ်းများနှင့် တစ်စုံတစ်ခုကို သူအသည်းအသန်လိုက်ရှာနေမိသည်။ မြူမှုန်မြူဆိုင်းများက တားဆီးပိတ်ပင်ထားကာ လိုရာကိုရောက်ဖို့ တမင်အနှောင့်အယှက်များပေးခဲ့လေသလား ။

သူ့အတွက်လေးပင်နေတဲ့ ခြေလှမ်းများက တစ်ချိန်က ပေါ့ပါးစွာ တဇွတ်ထိုးဆန်မှု့များနှင့် ပြည့်နှပ်မှု့အတိ။

"ဟင့်အင်း... ဒါအဆုံးသတ်မဟုတ်ဘူး !!''

ကျောင်းရဲ့အစွန်အဖျားတစ်နေရာမှာ ရပ်နေတဲ့ ကောင်လေးကြောင့် သူအမောတကော ပြေးလွှားပြီးလာရပြန်သည်။
တံခါးကိုဖွင့်ပြီးပြေးဝင်လာလိုက်သည်။ ဒီလောက်ဆိုအချိန်မှီနိုင်ပါသေးရဲ့ ။

"သူခုန်ချရဲလို့လား... ဟားဟားဟား... ''

ကောင်လေးသုံးယောက်ရဲ့လှောင်ရီသံတွေနဲ့အတူ နာကျင်နေတဲ့ထိုကောင်လေးကိုထပ်တွေ့လိုက်ရသည်။

''ဟင့်အင်း အဲ့လိုမပြောလိုက်ပါနဲ့ ...တစ်ခုခုဖြစ်သွားလိမ့်မယ်''

လေးလေးလံလံခံစားနေရတဲ့နှုတ်ခမ်းတွေနဲ့ပင် သူအော်ပြောနေသော်လည်း မည်သူမျှမကြားသည်လား ။
သူ့ခြေလှမ်းများ မြန်နိုင်သလောက်မြန်အောင်ပြေးပြီး ထိုကောင်လေးရဲ့လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။
ထိုအခါ ထိုကောင်လေးကမျက်ရည်တစ်ချို့နှင့်ပြန်ငုံ့ကြည့်၏။

ထိုကောင်လေးခံစားရတဲ့ နာကျင်မှု့တွေကိုသူမြင်နေပါပြီ။

"တော်သေးတယ်.. တကယ်တော်သေးတယ် !!ကိုကိုလေ... ကိုကို ဒီတစ်ခေါက်တော့အချိန်မီလိုက်ပြီ ဂျုန်း ။''

_JK_ [yoonkook/jihope]Where stories live. Discover now