💕 23 💕

616 69 0
                                    

Zaw

"အွန်းနာကော မပါဘူးလား။"
"ပြောမနေနဲ့အစ်ကိုမင်ဝူ...သူကအချစ်မွှန်နေတယ်..."
ဂိုယောင်းအဖြေကို ယောင်ဟိုကသဘောကျပြီး

"ဟုတ်လား သူကဘယ်သူကိုသဘောကျနေတာလဲ။"
"ပြောရရင် ကိုကို့ကိုအားနာရမယ် ယောင်ဟို... ကိုကို့သူငယ်ချင်း ဆူအာ့ကိုသဘောကျနေတာ..."
ယွန်းဂျီအဖြေကို မင်ဝူက မျက်မှောင်ကြုတ်လိုက်ပြီး

"မိန်းကလေးအချင်းချင်းကိုလေ...." ရွံရှာသလိုပြောလာသော မင်ဝူကြောင့် ယွန်းဂျီလဲ ဒေါပွသွားပြီး
"ချစ်တာပဲ အချင်းချင်းလဲဘာဖြစ်လဲ... ကိုကိုကမချစ်ဖူးတော့သိမှာမှမဟုတ်တာ..."

မိမိအားကတ်ကတ်လန်ပြန်စွာနေသော ယွန်းဂျီကြောင့် မင်ဝူလဲ
"မကောင်ပေါက် အဲ့တာကမသင့်တော်ဘူးလေ။ သူကယောက်ျားလေးကိုပဲ ဘဘောကျသင့်တာပေါ့..."

"ဟားးးး သူသဘောကျတာ ကျပါစေပေါ့။ ချစ်တာပဲ အပြစ်မှမရှိတာ... ဒါနဲ့ကိုကိုက အဲ့လိုကိုမကြိုက်တာလား။" လူကသာရန်တွေ့နေတာ မိမိအမေးကို မိမိတွေးထားသလိုမဖြေပါနဲ့လို့ ဆုတောင်းနေမိသော ယွန်းဂျီ...

"အကောင်ပေါက်... မသင့်တော်လို့ပြောပြတာလေ..."
နှစ်ယောက်သား အခြေအနေမှာတင်းမာနေတာကြောင့် ကျန်သုံးယောက်လဲ ကျန်ရာမရပေ။

"တော်ပြီ... မပြောချင်တော့ဘူး ပြန်နှင့်တော့မယ်..."
"ဟင်..ယွန်းဂျီမပြန်နဲ့ဦးလေ ငါတို့မတွေ့ရတာကြာပြီမှတ်လား။ ပြီးတော့ မင်းပြောတယ်လေ စာမေးပွဲအတွက်ပြင်ဆင်ရတော့မယ်ဆို အဲ့ချိန်မအားတော့ဘူးမှတ်လား။ မပြန်ပါနဲ့...."

မတ်တပ်ထရပ်လိုက်သော ယွန်းဂျီအား ယောင်ဟိုအမြန်တားနေရသည်။ အမှန်ပြောရရင် ယွန်းဂျီကိုမိမိ ခင်တွယ်သည်။ မိမိဘဝမှာ ပကာသနတွေကိုမသိဘဲ သူငယ်ချင်းဆိုတာ မရှိခဲ့တာမို့ ယွန်းဂျီကိုခင်တွယ်မိသည်။ မိမိချစ်သော ဒုန်ဂျူးက သူ့ကိုချစ်နေရင်တောင်မှပေါ့။

"ဟုတ်ပါတယ်... ယွန်းဂျီရာ တူတူပြန်ကြမယ်လေ။ ကိုလိုက်ပို့ပေးပါ့မယ် ခုတော့ထိုင်တော့နော်။" ဒုန်ဂျူးကပါ မပြန်ခိုင်းနေတာမို့ ယွန်းဂျီလဲ ပြန်ထိုင်လိုက်သည်။

Lee Yoon Gyi (Complete)Where stories live. Discover now