🖤 6 🖤

1.2K 119 2
                                    

Zaw

"ညကျရင် လာမယ်မှတ်လား"
"လာမှာပေါ့ ကိုလာခေါ်မယ်လေ။"

"အဲ့တာဆို အိမ်ကပဲစောင့်နေမယ်နော်။"
"အင်းအင်းး အဲ့တာဆို ကိုသွားပြီ"
ခေါက်ဆွဲဆိုင်မှ ဒုန်ဂျူး ထပြန်သွားတော့မှ ဂိုယောင်းက

"မင်းတို့ တွဲနေတာလား။" ဂိုယောင်းစကားကို အွန်းနာကလဲ
"ဟုတ်လား ယွန်းဂျီ။"

သူငယ်ချင်းနှစ်ယောက်၏ စကားကြောင့် ယွန်းဂျီလဲ လန့်သွားပြီး
"မဟုတ်ပါဘူးဟာ နင်တို့တွေကလဲ။"

"နင်တို့တွေကလဲ လုပ်မနေနဲ့ နင်သူ့ကို စိတ်မဝင်စားဘူးလား။"
"အွန်းနာရာ ငါက အစ်ကိုဒုန်ဂျူးအပေါ် ရိုးရိုးသားသားပဲ။ ငယ်ငယ်ထဲက ငါ့မှာခင်စရာဆိုလို့ သက်တူရွယ်တူက နင်တို့လေ။ခု ငါ့ထက်ကြီးတဲ့ အစ်ကိုဒုန်ဂျူး နဲ့ခင်တော့လဲ ငါက အစ်ကိုတစ်ယောက်ရလိုက်သလိုပဲ။"

ယွန်းဂျီ စကားကိုကြားတော့ ဂိုယောင်းလဲ စားလက်စ ခေါက်ဆွဲကို အမြန်မြိုချလိုက်ပြီး
"အဲ့တာဆို မင်းဘက်က ရိုးသားတယ်ထားဦး အစ်ကိုဒုန်ဂျူးက မင်းအပေါ်မရိုးသားတာတော့ ငါကော အွန်းနာကော ရိတ်မိတယ်ဟ။"

ဂိုယောင်း စကားကို အွန်းနာကလဲ ခေါင်းတွင်တွင်ညှိမ့်ပြီး ထောက်ခံလေရဲ့။
မိမိရှေ့ မသင်္ကါဖြစ်နေသော သူငယ်ချင်းနှစ်ယောက်ကို ကြည့်ပြီး တကယ်ရီချင်သွားပြီး

"ဟားး တော်ပါတော့ကွာ။ ငါကရိုးသားတာတော့ ကိုယ့်ကိုယ်ကို သိပြီးသာ သေလဲသေချာတယ်။"
ယွန်းဂျီစကားကို ဂိုယောင်းကို အွန်းနာ ကောက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ခေါင်းသာညှိမ့်နေလိုက်တယ်။

*သေချာတယ် ငါအစ်ကိုဒုန်ဂျူးအပေါ် ရိုသားတာကို။ ငါသူ့ကို အစ်ကိုအရင်းတစ်ယောက်လိုပဲ။*
____________________

"မင်ဝူ ညကျရင် မီးပုံးပျံလွှတ်ပွဲ သွားမှာလား။" အခန်းဖော်တစ်ယောက်၏ အမေးကို မင်ဝူကလဲ
"မသေချာသေးဘူး စိတ်ကူးပေါက်မှပါ။"

"ငါတို့က ညကျရင်တော့ သွားသောက်ကြမလားလို့ပါ။ လူလဲစုံလိမ့်မယ်။ မင်းလာချင်ရင်တော့ လမ်းစုံနားမှာ နာမည်ကြီးဆိုင်ရှိတယ် အဲ့မှာထိုင်ကြမှာ လာခဲ့ပေါ့။"

Lee Yoon Gyi (Complete)Where stories live. Discover now