💚 3 💚

1.8K 193 0
                                    

Zaw

"ယွန်းဂျီ!!! လီယွန်းဂျီ! !!"
"ဖေဖေကလဲ ဘာလို့အော်နေတာလဲ လာပြီ။ ဒီမှာ ဖေဖေ့အတွက် အကောင်းစား ပျားရည်မုန့်လေး လုပ်ပေးနေလို့ပါ။"

ဖခင်၏ အော်သံကြောင့် မီးဖိုချောင်ထဲကနေ မုန့်ဗန်းလေးကိုင်ကာ အပြေးထွက်လာသော လီယွန်းဂျီလေး။
မျက်နှာမှာလဲ အုန်းမဲတွေ ပေပွနေပြီး အင်္ကျီတွေလဲ မဲကာ ညစ်ပတ်နေလေရဲ့။

"ငါသိတယ်နော် ဟင်းးး ငါသိနေတယ် ယွန်းဂျီ... မင်းးမင်းးး"
သားဖြစ်သူအား လက်သီးတစ်ဆုပ်ဆုပ်နဲ့ စိတ်ရှိတိုင်းရိုက်ရင်လဲ လူကောင်းလေးက ဖြူဖြူဖွေးဖွေး နုနုဖက်ဖက်လေးမို့ မရိုက်ရက်ပေ။

"ဖေဖေကလဲ မုန့်စားပြီးမှပြောလေနော်။"
နှစ်ခမ်းလေးကို ဆူကာပြောနေသေးသော ယွန်းဂျီလေးကို မြင်သူတိုင်း အသည်းယားစေမှာအမှန်။

"မင်းလုပ်လိုက်ပြန်ပြီမှတ်လား။"
"သားဘာလုပ်လို့လဲ။"

"အေး မသိချင်ယောင်ဆောင်နေသိလား။ ခုလဲဆရာတစ်ယောက်ထက်သွားပြန်ပြီ။ မင်းလုပ်လို့ဆရာဘယ်နှစ်ယောက်ရှိပြီလဲ။"
"ဘယ်လိုလုပ်မှတ်မိမှာလဲလို့။"

"တယ်.... ရိုက်လိုက်ရ လူကြည့်တော့ ဖြူဖက်ဖက်နဲ့။ ဆရာတွေဆိုတာကလဲ မင်းကိုသင်လို့ ဝမ်းလျှော၊ ပျားတုတ်၊ မူးတဲ့သူကမူး၊ အကောင်ကြောက်တဲ့ဆရာတွေဆိုလဲ သူတို့ကြောက်တဲ့အကောင်ကို မင်းကမွေးထားသေး

ပြီးရင် အဲ့အကောင်ဘေးမရှိရင် စာမသင်ဘူးဆိုပြီး ဂျီကျတာကရှိသေး။ ပြီးရင် အမည်တပ်မရတဲ့ မုန့်တွေက လုပ်ပြီး မစား စားအောင်ပြော.. အေး မင်းလုပ်လို့ထွက်ပြေးတာလဲ မနည်းတော့ဘူး။"

"သားမှ စာမလုပ်ချင်တာကို။"

"မင်းစာမလုပ်ရင် မှူးမတ်တို့ အမတ်တို့ ဘယ်ဖြစ်မလဲကွ။ စာမလုပ်ချင်ရင် ဖအေပိုင်တဲ့ ယာတွေလယ်တွေဘက် ဦးစီးမလားမေးပြန်တော့လဲ လယ်ထဲ ယာထဲသွားရင် အသားမဲမှာဆိုးလို့တဲ့၊ အဲ့တာဆို ကုန်ရောင်းဝယ်ရေးဘက်ဆိုရင်ရောဆိုတော့ ကုန်ချကုန်တင်တဲ့လူတွေနံ့မခံနိုင်ဘူးဆိုပြီး ငြင်းသေး။

မင်းဘာအလုပ်လုပ်မှာလဲပြောစမ်း။ လူက အရွယ်ရောက်နေပြီ အားမကိုးရဘူး။"
စကားအများကြီးပြောလိုက်လို့ မောသွားပြီး စိတ်ကို ဖြည်းဖြည်းချင်းလျော့ချနေသည်။

Lee Yoon Gyi (Complete)Where stories live. Discover now